အသက် ၃ဝ အောက် နီပေါအမျိုးသမီးများ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့
သွားရောက်၍ အလုပ်လုပ်ကိုင်မှုကိုနီပေါနိုင်ငံက တားမြစ်ပိတ်ပင်လိုက်ကြောင်း
သြဂုတ် ၉ ရက်သတင်းများတွင် ဖော်ပြထားသည်။အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြသော နီပေါအမျိုးသမီးများသည်
ရုပ်ပိုင်းဆိုင်ရာနှင့်
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှု၊အနေအထိုင် ဆင်းရဲနုံချာမှု၊
လစာငွေမရရှိမှု စသော
အလုပ်ခွင်ခေါင်းပုံဖြတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း
တင်ပြတိုင်တန်းချက်များပေါ်ထွက်
လျက်ရှိသည်။ပင်လယ်ကွေ့ဒေသနိုင်ငံများသို့ နီပေါအမျိုးသမီးများ သွား
ရောက်အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်မှုကို နီပေါအစိုးရက အဆုံး
သတ်ခဲ့ပြီး ၁၈ လအကြာတွင် အထက်ပါအတိုင်း ပိတ်ပင်မှုအသစ်တစ်ရပ်
ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ကူဝိတ်နိုင်ငံ၌ အလုပ်လုပ်စဉ်
အနိုင်ကျင့်စော်ကားခံရမှုကြောင့် နီပေါအမျိုးသမီးငယ်တစ်ဦး
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့မှုကို အကြောင်းပြု၍ နီပေါပြည်သူများအကြား
အမျက်ဒေါသဖြစ်ခဲ့ရာ နီပေါအစိုးရက အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံများသို့ နီပေါအမျိုးသမီးများ သွားရောက်အလုပ်လုပ်ကိုင်ခွင့်အား ၁၂
နှစ်ကြာ ပိတ်ပင်ခဲ့သည်။အိမ်ဖော်အလုပ် လုပ်ကိုင်ရန်အလို့ငှာ ခန့်မှန်းခြေ
နီပေါအမျိုးသမီးငယ် ၁ဝဝဝ မျှတို့သည် နေ့စဉ်
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထွက်ခွာလျက်ရှိသည်။ သို့ရာတွင်
ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများနှင့်
ရင်ဆိုင်ခဲ့ရပြီးနောက် ကာကွယ်စောင့်ရှောက်မှုတောင်းခံလာသော
နီပေါအမျိုးသမီးငယ်များစွာ၏ပြဿနာ
အများအပြားအား ဖြေရှင်းပေးနေရကြောင်း အရှေ့အလယ်ပိုင်း
ဒေသနိုင်ငံများရှိ နီပေါသံရုံးများက ပြောကြားသည်။ (ဘီဘီစီ)
No comments:
Post a Comment