တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ နာရီဝင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်စီစဉ်
နေလျှင်ကောင်းသည်။ အလုပ်ပြောင်းရန်ဖြစ်လျှင်လည်းကောင်းသည်။ စီးပွားတက်ခြင်း၊ လစာတိုးခြင်း၊
ရာထူးတိုးခြင်းများဖြစ်တတ်သည်။ ခရီးလည်းထွက်ရတတ်သည်။ ကောင်းသောခရီးများဖြစ်၏။
လူမျိုးခြားနှင့်ပတ်သက်ပြီး ကောင်းသောသတင်းများကြားရတတ်သည်။ အစစအရာရာ
အဆင်ပြေနေသောအချိန်ဖြစ်သည်။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲနေမည်။
အချစ်ရေး။ ချစ်သူနှင့်တိုင်တိုင်ပင်ပင်ဖြစ်ပြီး စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၁ ၁)
တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။
အလုပ်တွင်ဘာဖြစ်မှန်းမသိအောင်အခက်အခဲတွေ့ရတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။ အစစအရာရာသတိရှိပါ။
မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်းဖြစ်နေမည်။ မိမိကိစ္စမဟုတ်ဘဲသူတပါးကိစ္စကြောင့်စိတ်အနှောင့်အယှက်များဖြစ်နေတတ်သည်။
တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးနေပါ။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရပြီးကွဲပြဲ၍ချုပ်ရတတ်သည်။
အချစ်ရေး။ အမျိုးသမီးတဦးဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီး (၅) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၆ ၅ ၄)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင်မင်္ဂလာဆောင်ရခြင်း (သို့) ဆွေမျိုးသားချင်းထဲမှမင်္ဂလာသတင်းကြားရခြင်းဖြစ်တတ်သည်။
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ အိမ်ခန်းပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ကားသစ်ဝင်ခြင်း၊ ခရီးသွားရခြင်း၊
ရွှေဆွဲသီး၊ စိန်ဆွဲသီးဝင်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင်လုပ်သမျှအောင်မြင်နေမည်။ လက်အောက်ငယ်သားများကိုကူညီ
ထောက်ပံ့နေရမည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အစာအိမ်ရောဂါပြန်ဖြစ်နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းကောင်းနေသည်။ မိမိစိတ်တိုင်းကျရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖရဲသီး (၃) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုေးပးဂဏန်း ( ၄ ၄ ၃ ၆)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ အလုပ်တွင်စိတ်ညစ်နေရတတ်ခြင်း၊ စာရွက်စာတမ်းကိစ္စ၊ စာအုပ်ကိစ္စကြောင့်စိတ်အနှောင့်အယှက်
ဖြစ်နေရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေကြောင့်မိမိဂုဏ်သိက္ခာကျရတတ်ခြင်း၊ ငွေအတွက်သောကဖြစ်နေရခြင်း၊ ဖုန်းကြောင့်၎င်း
ကွန်ပြူတာကြောင့်၎င်းစိတ်ညစ်စရာဖြစ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အစစအရာရာမကြာခင်
အဆင်ပြေသွားပါမည်။
ကျန်းမာရေး။ ၀မ်းလျှော၊ ၀မ်းပျက်ခြင်းဖြစ်တတ်သည်။ ( အစားအသောက်သတိပြုပါ)။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သခွားမွှေး ( ၇) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၀ ၆)
ကြာသပတေးသားသမီးမျာ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ မျက်မှန်လက်ဆောင်ရခြင်း၊ စက်ဘီးဝင်ခြင်း၊ အရေးကြီးသောစာတစောင်ရောက်လာခြင်းများဖြစ်တတ်သည်။
နိုင်ငံရပ်ခြားခရီးအလည်အပတ်ထွက်ရခြင်း၊ ဘုရားဖူးခရီးဖြစ်ခြင်း (သို့) ဘာသာရေးနှင့်ပတ်သက်သောကောင်းမှုကုသိုလ်များလုပ်ကိုင်
နေရခြင်း၊ စီးပွားရေးမိမိထင်သလောက်အကျိုးစီးပွားမဖြစ်သေးခြင်းများဖြစ်နေမည်။ ရပ်ဝေးမှနာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ သွေးလျှံခြင်း၊ လက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၅ ၅ ၂)
သောကြာသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ လုပ်ငန်းနေရာပြောင်းရခြင်းဖြစ်တတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။
ရွှေအသစ်ဝင်ခြင်း၊ ပုလဲလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။ သောကနှင့်ယှဉ်သောခရီးသွားရတတ်သည်။ အလုပ်တွင် လက်အောက်
ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်တတ်သည်။ ငွေဝင်မည်။ သို့သောအထွက်လည်းများနေမည်။ ငွေမဖတ်မတင်သေးသောအချိန်
ဖြစ်နေသည်။
ကျန်းမာရေး။ ဆီးအောင့်တတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက်အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီး (၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၁ ၆ ၆)
စနေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးသွားရခြင်း၊ နှစ်မျိုးလုံးခရီးထွက်ရခြင်းများဖြစ်နေတတ်သည်။ ဆိုင်ခန်းဝင်ခြင်း၊
ဆိုင်ကယ်ဝင်ခြင်း၊ စာအုပ်လက်ဆောင်ရခြင်းများဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်စရာလည်းဆက်တိုက်ဖြစ်နေတတ်သည်။
စီးပွားရေးအလွန်ကောင်းနေသည်။ အလုပ်တွင်ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။ သည်းခံပါ။ ခင်မင်ရင်းနှီးသောမိတ်ဆွေများ
နှင့်ခွဲခွာရတတ်သည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သစ်တော့သီး (၅)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၄ ၃ ၂)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း – နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +018 2250 510
E-mail:swezinwati@gmail.com
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း – နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +018 2250 510
E-mail:swezinwati@gmail.com
No comments:
Post a Comment