ဧဒင်အချစ်ပုံပြင်: လမ်းဘေးအခွေဆိုင်များရှင်းလင်းရာမှ ဥပဒေအသစ်ထပ်မံ လိုအပ်လာ

Friday 24 August 2012

လမ်းဘေးအခွေဆိုင်များရှင်းလင်းရာမှ ဥပဒေအသစ်ထပ်မံ လိုအပ်လာ




လမ်းဘေးခိုးကူခွေဆိုင်များနှင့်အခွေကူးရောင်းသောဒိုင်များအား လိုက်လံဖမ်းဆီးလျက်ရှိသောကြောင့်
နိုင်ငံခြား ရုပ်ရှင်ကားများ ကြည်ရူခွင့်ကို ပိတ်ပင်လိုက်သည့် သဘောဖြစ်နေသည့်အတွက် တိကျခိုင်မာ သည့် ဥပဒေတစ်ရပ်ထွက်ပေါ်ရန် လိုအပ်နေကြောင်း (၈၈)မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ဆိုသည်။

''ကျွန်တော်တို့လည်း နိုင်ငံခြားကားတွေကို ကြည့်ရတာဝါသနာပါတယ်။ အားတဲ့ချိန်ဆို ကိုယ်ကြိုက် တဲ့ ရုပ်ရှင်ကားတွေ ဝယ်ကြည့်ဖြစ်တယ် ။ ခုလိုမဆိုင်တာတွေ လျှောက်လုပ်လိုက်တော့ ကြည့်တဲ့သူ ရော ရောင်းတဲ့သူရော ခွေကူးတဲ့သူပါ ဒုက္ခရောက်ကုန်တာပေါ့။ ပြောရရင် တိကျတဲ့ ဥပဒေတစ်ခု ထွက်ဖို့ လိုအပ်နေတယ်။'' ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် လမ်းဘေးခိုးကူခွေဆိုင်များနှင့် အခွေကူးရောင်းသော ဒိုင်များနှင့် လိုက်လံဖမ်းဆီး လျက်ရှိသောကြောင့် နိုင်ငံခြားရုပ်ရှင်များကြည့်ရူလိုသည့် ပြည်သူများအနေဖြင့် MRTV-4 နှင့် Sky Net ရုပ်သံလိုင်းများအား ဝယ်ယူကြည့်ရူနိုင်မှသာလျှင် နိုင်ငံခြားရုပ်ရှင်များကြည်ရတော့မည် ဖြစ်ကြောင်း ကြည့်ရူသူပြည်သူများမှ ပြောဆိုလျက်ရှိသည်။

''အရင်က ကိုရီးယားကားတွေကို တီဗွီကလာတာ သိပ်မကြည့်ဖြစ်ဘူး။ ရုပ်ရှင်လာတဲ့ချိန်တွေမှာကို က အားချင်မှအားတာလေ လမ်းဘေးခွေဆိုင်တွေမှာ ဝယ်ပြီးကြည့်တော့ ကိုယ်အားတဲ့အချိန်ကြည့်လို့ ရတယ်။ အဆင်ပြေတယ်။ အခုတော့ ရုပ်ရှင်လာမယ့်ချိန် တီဗွီရှေ့မှာ ထိုင်စောင့်နေရတယ်။'' ဟု ကိုရီးယားကားကြည့်ရူသူ ဝါသနာရှင်တစ်ဦးကဆိုသည်။

လမ်းဘေးခွေဆိုင်များ လိုက်လံဖမ်းဆီးလျက်ရှိသောကြောင့် ယင်းခွေရောင်းသူများ၊ ကူးယူသူများ အလုပ်လက်မဲ့ဖြစ် ပေါ်နေပြီး ရင်းနှီးထားသည့် အရင်အနှီးငွေကြေးများဆုံးရူံးမှုရှိကြောင်း ကိုလည်း သိရှိရသည်။

''ကျွန်တော်ဆိုင်ဖွင့်တုန်းက ရဲတွေကို လိုင်ကြေးပေးရတယ်။ ဂျာနယ်လည်း တစ်စောင်ကို(၅ဝဝ) နဲ့ တပတ်ကို (၃)စောင်လောက် အပတ်တိုင်းဝယ်ရတယ်။ တစ်ခါတစ်လေ လက်ဖက်ရည်ဖိုးတောင်း လို့ဆိုပြီး(၅ဝဝ)လောက်ပေးလိုက်ရတာတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ သူတို့ချတဲ့ စည်းကမ်း အတိုင်းရောင်းတာပါ။ မြန်မာခွေမရောင်းနဲ့ စီမံချက်ကာလလို့ ပြောရင်လည်းမရောင်းပါဘူး။'' ဟု စမ်းချောင်းမြို့တွင် အခွေရောင်းချသူတစ်ဦးက ပြောသည်။

မြန်မာ့ဗီဒီယို အခွေလောကတွင် ဥပဒေ(၂)ခုသာရှိကြောင်း၊ .အင်္ဂလိပ်ခေတ်က ထုတ်လုပ်ခဲ့သည့် မူပိုင်ခွင့်ဥပဒေနှင့် အစိုးရကပြဋ္ဌာန်းထားသည့် ဗွီဒီယို ရုပ်မြင်သံကြား ဥပဒေဟူ၍ဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက သုံးသပ်သည်။

" နိုင်ငံခြားက သွင်းလာတဲ့ ဘယ်လိုခွေမျိုးကိုမဆို အစိုးရကခွင့် ပြုထားတဲ့ ဆင်ဆာ အမှတ် တံဆိပ်ပါမှ ရောင်းချခွင့် ငှားရမ်းခွင့် ကူးယူပြသခွင့်ရမယ်ဆိုတာကို ပြဋ္ဌာန်းထားတယ်။ ခုက ဘယ်လိုဖြစ်လဲ ဆိုတော့ မြန်မာသီချင်းခွေတွေကို အော်ရီဂျင်နယ်ဆို ၁၅ဝဝ နဲ့ ၂ဝဝဝ ကြား ရောင်းတယ်။ သူတို့ခွေတွေ ကော်ပီကူးခံရတော့ အဆိုတော်တွေက အဆင်မပြေဖြစ်ကုန်ကြတယ်။ မတီထွင်ချင်တော့ဘူး။ စီးပွားရေးအရ အထိနာတယ်ဆိုပြီးတော့ မတီထွင်ချင်တော့ဘူး။ အဲဒီတော့ အစိုးရကို ဖိအားပေး ပြီးတော့ နှိမ်နင်းခိုင်းတော့ အခုလိုတွေဖြစ်ကုန်တာ" ဟု တရားလွှတ်တော် ရှေ့နေ ဦးဋ္ဌေးဦး (စိန်ဂျွန်း)က သုံးသပ်ပြောဆိုသည်။

From: Myit Makha Mediagroup By: ထွန်းနေအောင်(မြစ်မခ)


မူပိုင်ခွင့် ဥပဒေအရ ခိုးကူးခွေထုတ်လုပ်သူများအား ဒဏ်ငွေကျပ် ၂ဝ မှ ကျပ် ၅ဝဝ ထက်ပိုမို ဒဏ်ငွေချမှတ်၍ မရကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...