ဧဒင်အချစ်ပုံပြင်: လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

Saturday, 25 August 2012

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး


  မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ  ဖြစ်ပွားနေ ဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ ) အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထား တစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့သူ တစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ် လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွား ခဲ့ကြောင်း  အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။ သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။

ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ကိုးနှစ်အရွယ်ရှိ မျက်မမြင် ကလေးငယ် တစ်ဦး ရထားတိုက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း လှော်ကား - ရန်ကုန် ရထားထိန်း တစ်ဦးက ပြောကြားသည်။
 
ရန်ကုန်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...