ဧဒင်အချစ်ပုံပြင်: တစ်လကို ၃ ကားလောက်ပဲ ပုံမှန် ရိုက်ဖြစ်တော့ကြောင်း ခိုင်သင်းကြည်ပြော

Wednesday 22 August 2012

တစ်လကို ၃ ကားလောက်ပဲ ပုံမှန် ရိုက်ဖြစ်တော့ကြောင်း ခိုင်သင်းကြည်ပြော

ခိုင်သင်းကြည်က ဒါရိုက်တာ ပြည်ဟိန်း သီဟ ရိုက်ကူးတဲ့ 'ခွချက်စ်' ဒီဗီဒီ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ဒီ ဇာတ်ကား အမှတ်တရ ကတော့ ခွချက်စ် ဆိုတဲ့ အတိုင်း ရန်ကုန် ရှုတင် နဲ့ ချောင်းသာ ရှုတင်ကို ခွချက်(စ်) လုပ်ခဲ့ရတဲ့ အကြောင်းပြော ပြီး ပရိသတ်တွေပျော်ရွှင်မှု ရစေနိုင်မယ့် ဇာတ်ကား ဖြစ်ကြောင်းလည်း ခိုင်သင်းကြည် ကပြောပါတယ်။
လတ်တလောမှာ ဗီဒီယိုဇာတ်ကား တစ်ကားကို ၁ဝ ရက်လောက်ရိုက်ရမယ်ဆိုတဲ့ သတင်းတွေအပေါ် ခိုင်သင်းကြည်ရဲ့အမြင်ကို မေးတော့... ''အားလုံးကောင်း ဖို့ လုပ်တာ ဆိုရင်တော့ အဲဒီအတိုင်းပဲ လက်ခံရမှာပေါ့။ လူကြီးတွေက စီစဉ်တာဆိုရင်တော့ လက်ခံမှာပါ။ အခုက ဗီဒီယို ဇာတ်ကားတွေ ရဲ့အခြေအနေက အရင် ကလောက် မကောင်းတော့ဘူးလေ။ ကျွန်မ တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းစေချင် တယ်။ ကျွန်မတို့ အရွယ်က သိပ်ပြဿ နာမရှိ ဘူး။ အရင်တုန်းက ၅ ကား၊ ၆ ကားလောက် ရိုက်ကြ၊ ပြေးကြ၊ လွှားကြဆိုတော့ ကိုယ်ပိုင် အချိန်လည်းမရှိတော့ဘူး။ တစ်လကို ၃ ကား လောက်ပဲ ပုံမှန်ရိုက်ဖြစ်တော့တယ်။ ဇာတ် ကားတစ်ကား ကိုလည်း ရိုက်ရက်တွေ အပြည့် ပေးနိုင်သွားတယ်။ ကျွန်မတို့အသက်အရွယ်နဲ့ ကျတော့ လူမှုရေးတွေ၊ မိသားစုအရေးတွေ အချိန်ပိုပေး လို့ရသွားမယ်။ တရား လုပ်ချင်ရင် လည်း လုပ်လို့ရမယ်။ ကျွန်မတို့က အဆင် ပြေပါတယ်။ ဒါပေ မဲ့ နောက် တက် လာမယ့် ကလေးတွေအတွက်ကျတော့
အခုအချိန်မှာ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်ဖို့ အားယူနေတဲ့ ကလေးတွေ ကျတော့ အခြေ အနေ သိပ်မကောင်းဘူးပေါ့။ဗီဒီယိုအခြေ အနေ သိပ်မကောင်းတော့ သူတို့အတွက် အလားအလာ သိပ်မကောင်းဘူးပေါ့။ ဗီဒီယို အခြေ အနေ ပြန်ကောင်း လာစေချင်ပါတယ်'' လို့ ပြောပါတယ်။
ခိုင်သင်းကြည်က အားတဲ့ အချိန် အတွင်းမှာလည်း တရားစခန်းဝင်ခဲ့ပြီး ဇာတ်ကားရိုက်နဲ့ညှိပြီး နောက်ပိုင်းမှာ တရား စခန်း ဝင်ဖို့ကြိုးစား မှာဖြစ်ကြောင်းပြောပါတယ်။ တရားစခန်းဝင်ဖြစ်တဲ့အကြောင်းကိုလည်း ခိုင်သင်းကြည်က... ''ကျွန်မတို့က လူလတ်ပိုင်းအရွယ် ရောက်လာပြီ။ လူငယ် မဟုတ်တော့ဘူး။ အသက်ကြီးမှ လုပ်ရင် အခုလောက် မကျန်းမာ နိုင်တော့ဘူး။ အခုလောက် မလုပ်နိုင်တော့ ဘူးလေ။ ကျွန်မ တရားစခန်း ဝင်တဲ့နေရာက တကယ့်ကို စည်းကမ်း ကြီးတဲ့ကျောင်းမှာ ဝင်တယ်။ တကယ်လည်း တစ်နေ့ကို ၈ နာရီ တရားမှတ်တယ်။ တစ်ချိန်မှ မပြတ်ဘူး။ ကျွန်မ အတွက်က ပထမဆုံး အကြိမ်ဆိုတော့ တအား ခက်ခဲတယ်။ ဒါပေမဲ့ ကိုယ့်အတွက် ကုသိုလ် ရအောင် ကြိုးစားလုပ်ရတာပေါ့။ နောက်ပိုင်း မှာလည်း ရိုက်ရက်တွေနဲ့ညှိပြီး လုပ်သွားမှာပါ။ သဒ္ဓမ္မရံသီ ဘုန်းကြီးကျောင်းကို မထွန်းအိန္ဒြာဗို ပို့ပေးတာပါ။ သူ့ရိုက်ရက်နဲ့ ကျွန်မ ရိုက်ရက်နဲ့ ဘယ်လိုမှ ညှိလို့မရလို့ အတူတူ မဝင်ဖြစ်တာပါ။ နောက်ပိုင်းမှာ သူနဲ့ညှိပြီး တရားစခန်း အတူတူဝင်ဖို့ တိုင်ပင်ထားကြပါတယ်။ တရားစခန်း ဝင်တော့ မထွန်းအိန္ဒြာဗို ကိုယ်တိုင် လိုက်ပို့ပေးတာ။ အဲဒီလို လိုက်ပို့ ပေးရတဲ့ အတွက် သူကလည်း တအားဝမ်းသာ ကျေနပ်တယ် လို့ပြောပါတယ်'' လို့ ခိုင်သင်းကြည် ကပြောပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...