ဧဒင်အချစ်ပုံပြင်: တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ကျပ်သိန်း(၄၀)ခန့်တန်ဘိုးရှိသော စိန်ရွှေရတနာပစ္စည်း ခိုးယူသူအား ဖမ်းဆီးရမိ

Tuesday 21 August 2012

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ကျပ်သိန်း(၄၀)ခန့်တန်ဘိုးရှိသော စိန်ရွှေရတနာပစ္စည်း ခိုးယူသူအား ဖမ်းဆီးရမိ




တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ အိမ်ခန်းငှားတစ်ခုတွင် စိန်ထည် ရွှေထည်ပစ္စည်း(၇)မျိုး ကာလတန်ဘိုး ကျပ်သိန်း(၄၀) ခန့်ရှိသော ရတနာများပျောက်ဆုံးနေမှုအပေါ် ပစ္စည်းနှင့်အတူ တရားခံအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
သြဂုတ်လ(၁၃)ရက်နေ့ နံနက် (၁၀)ခွဲခန့်တွင် ရတနာပစ္စည်းပိုင်ရှင် ဒေါ်---- သည် ဈေးသို့သွားရန် အတွက် အိမ်ခန်းရှိ မှန်တင်ခုံအတွင်းမှ လက်ဝတ်လက်စားများ ထုတ်ဝတ်ပြီး ကျန်ပစ္စည်းများကို အံဆွဲ အတွင်းထည့်ထားပြီး သော့မပိတ်မိဘဲ သော့တန်းလန်းဖြင့် ထားခဲ့မိပြီး ဈေးသို့သွားခဲ့သည်။

၎င်းသည် ဈေးမှ နေအိမ်သို့ ပြန်ရောက်ပြီး နေ့လည် (၁၂)ခွဲခန့်တွင် ရေချိုးရန်အတွက် ၎င်းဝတ်ဆင်ထားသော လက်ဝတ်လက်စားများကို သိမ်းရန် အံဆွဲအားဖွင့်လိုက်ရာ ဈေးမသွားမီထားခဲ့သော စိန်ထည်ရွှေထည်ပစ္စည်း(၇)မျိုး ကာလတန်ဘိုး ကျပ်သိန်း(၄၀)ခန့်ရှိသော ရတနာများ
ပျောက်ဆုံးနေသည်ကို တွေ့ရ၍ မြို့နယ်ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်တန်းခဲ့သည်။


ရတနာပစ္စည်းများ ပျောက်ဆုံးသွားသော နေအိမ်အခန်းငှားသို့ စခန်းမှူး ရဲအုပ် အောင်ဇင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ အပါအ၀င် အမှုစစ် ဒုရဲအုပ် တင်ဇော်ဝင်းတို့ သွားရောက် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ရာ ရတနာပစ္စည်းပိုင်ရှင် ဒေါ်---- ၏ နေအိမ်တွင် တပ်ဆင်ထားသော လုံခြုံရေး ဗွီဒီယိုအား ကြည့်ရှု့ပြီး အမှုနှင့်သင်္ကာမကင်းရှိသူ တရားလိုနှင့် အခန်းချင်းကပ်လျက်တွင်နေသူအား ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

တရားခံသည် " ၎င်းအနေဖြင့် တရားလို၏ နေအိမ်ခန်းသို့ နောက်ဖေးတံခါးပေါက်မှ ၀င်ရောက်ပြီး မှန်တင်ခုံ အံဆွဲအတွင်းတွင် တွေ့ရှိရသော စိန်ထည် ရွှေထည်ပစ္စည်း (၇)မျိုးကို ခိုးယူခဲ့ကြောင်း" ၀န်ခံထွက်ဆိုခဲ့ပြီး ၎င်းအနေဖြင့် ခိုးယူခဲ့သော ရတနာများမှာ

စိန်(၁၃)ပွင့်ပါသော စိန်ခြယ်လက်စွပ် (၁)ကွင်း
စိန်(၂၅)ပွင့်ပါသော စိန်စီရွှေဟန်းချိန်း (၁)ခု
ထိုင်းရွှေဟန်းချိန်း(၁)ဘတ်သား (၁)ခု
စိန်(၁၅)ပွင့်ပါသော တန်းကွင်းစိန်လက်စွပ်(၁)ကွင်း
မိုးစက်ပုံစိန်ဆွဲသီးအကြီး(၁)ခု
စိန်(၂၇)ပွင့်ပါသော စိန်ခြယ်နားကပ်(၁)စုံ
စိန်(၂၆)ပွင့်ပါသော ကြိုးလိန်ပုံ စိန်ဆွဲသီး(၁)ခုစုစုပေါင်း (၇)မျိုးကို ခိုးယူခဲ့ကြောင်း သတင်းရရှိပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...