ဧဒင်အချစ်ပုံပြင်: တရုတ်ငွေဈေးတက်ချိန် မိုးတွင်းသုံးကားအလှဆင်ပစ္စည်းများ အရောင်းသွက်

Monday 6 August 2012

တရုတ်ငွေဈေးတက်ချိန် မိုးတွင်းသုံးကားအလှဆင်ပစ္စည်းများ အရောင်းသွက်



ရန်ကုန်ကားအလှဆင်ပစ္စ္စည်းဈေးကွက်တွင် အခြားပစ္စ္စည်းများမှာအရောင်းအဝယ်မရှိ
သလောက်တည်ငြိမ်နေသော်လည်း မိုးတွင်းသုံးအလှဆင်ပစ္စည်းများမှာအရောင်း
အဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်းဈေးကွက်
အတွင်းကသိရှိရသည်။

ကားခြင်ထောင်၊ ခြေနင်းခွက်၊ထိုင်ခုံစွပ်၊ wiper (ရေသုတ်တံ)၊ ကားရေမွှေး၊ မှန်ကြည် ဆေးနှင့် ကားဆေးဆပ်ပြာရည် စသော မိုးတွင်းသုံး
ပစ္စည်းများ အများဆုံးရောင်းချနေရခြင်း ဖြစ်သည်။

“ ကားအသစ်စီးတဲ့သူတွေကလည်း ရေမွှေး၊ မှန်ကြည်ဆေးတို့လောက်ပဲအဝယ်များတယ်၊ အရင်ကဆိုရင် ကားပြန်ရောင်းတွေကလည်း အလှဆင်ပြီးမှ ရောင်းကြတယ်၊ အခုတော့ အဲလို မဟုတ်တော့ဘူး၊
ကားတွေကိုအရင်ကလို အလှသိပ် မဆင်ကြတော့ဘူး ’’ဟု စမ်းချောင်း၊ ဗဟိုလမ်းရှိTime ကားအလှဆင်ပစ္စ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ကားသစ်များဝင်ရောက်လာချိန်တွင် ကားအလှဆင်ပစ္စ္စည်းဈေးကွက်တွင်းအရောင်းအဝယ်မြင့်တက်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသော်လည်း လက်ရှိ ဈေးကွက်တွင် ခန့်မှန်းမှုနှင့် ပြောင်းပြန် အနေ အထားဖြစ်ပေါ်နေကြောင်း ကားအလှဆင် အရောင်းဆိုင်များက ဆိုသည်။


“ကားသစ်တွေ ဝင်လာတော့ ဘယ်သူမဆို အလှဆင်လာကြမယ်၊ဈေးကွက်သွက်လာမယ် ထင်ထားကြတာ၊ အလှဆင်တာက ဝပ်ရှော့ပ်တွေ၊ လေထိုးကျွတ်ဖာဆိုင်တွေမှာ လာလုပ်လာကြတော့ ဈေးကွက်ပြန့်နေတော့ အလှဆင်ပစ္စ္စည်းဆိုင်တွေမှာ အရောင်းအဝယ်ကျတယ်’’ဟု Safari ကားအလှဆင်ပစ္စည်းရောင်းဝယ်ရေးမှ ကိုကျော်နိုင်ကပြောသည်။

ရန်ကုန်မြို့ရှိ ကားအလှဆင်ပစ္စည်းဈေးကွက်တွင်းသို့ တရုတ်နိုင်ငံထုတ် ပစ္စ္စည်းများသာ အားထား ရောင်းချနေရပြီး တရုတ်ငွေဈေးအတက်အကျပေါ်မူတည်ပြီး ဈေးနှုန်းများမှာ
ပြောင်းလဲနေကြောင်း ဈေးကွက်တွင်းမှ သိရသည်။

“အခုရက်ပိုင်း တရုတ်ငွေဈေးတက်နေပေမယ့်လည်း တက်ဈေးနဲ့ရောင်းလို့မရဘူးလေ၊ ရှိတဲ့ပစ္စ္စည်းလေးတွေ ရောင်းဖို့တောင် တော်တော်ကြိုးစားနေရတာ’’ ဟု ကိုကျော်နိုင် ဆိုသည်။


ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သော အချို့ကားအလှဆင်ပစ္စ္စည်းဈေးနှုန်းများ

အမျိုးအစားအရေအတွက်ဈေးနှုန်း(ကျပ်)
ခြေနင်းခင်း၁ ခု၁ဝဝဝဝ-၁၂ဝဝဝ
ကားခြင်ထောင်၁ လုံး၉ဝဝဝ-၁၃ဝဝဝ
ကားတွင်းရေမွှေး၁ ခု၅ဝဝဝ-၉ဝဝဝ
ကားရေသုတ်တံ၁ ခု၁ဝဝဝဝ
ကားရေသုတ်တံ( Refill)၁ ခု၂ဝဝဝ-၅ဝဝဝ
စတီယာရင်အစွပ်၁ ခု၂၅ဝဝ-၁၅ဝဝဝ
လက်တင်တုံး၁ လုံး၅ဝဝဝ-၈ဝဝဝ
ခေါင်းမှီ၁ စုံ (၂ လုံး)၇ဝဝဝ
ထိုင်ခုံစွပ်(တစ်စုံ)၁ စုံ၄၅ဝဝဝ-၈၅ဝဝဝ
ရှေ့နောက် မှန်စတေကာ၁ စုံ၎ဝဝဝဝ
ဘေးတံခါးမှန်၁ ပေါက်စာ၂၅ဝဝ-၇ဝဝဝ
ကားသော့( remote)၁ ခု၂၄ဝဝဝ-၃ဝဝဝဝ

From: Myit Makha Mediagroup By: စည်သူနိုင် (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...