ဧဒင်အချစ်ပုံပြင်: သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု ( မြောက်ဒဂုံမြို့နယ် တွင် သားအမိနှစ်ဦး ဓာတ်လိုက်သေဆုံးမူ)

Wednesday 8 August 2012

သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု ( မြောက်ဒဂုံမြို့နယ် တွင် သားအမိနှစ်ဦး ဓာတ်လိုက်သေဆုံးမူ)




ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ  ထုတ်ပြန် ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေး
လာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး“သင့်ကြောင့်
 မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။ 
၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီဟု ခေါ်ဆိုရတော့မည်။ အကြောင်း မှ မြန်မာနိုင် ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း ၊ ရေလျှံခြင်း တို့  ဖြစ်ေ ပ်ါလျှက်ရှိ သည်။ ရေဘေးဒု က္ခ သည်များ၊ အိုး/အိမ်ပစ်
ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိ သည်။ 
ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။
၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .
မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ်
် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။
ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့
၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူ
တို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင်

ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။

ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကိုတွေ့မြင်ရတော့သည်။
ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။
 ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှအသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်း
များ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။
ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။
ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်သော အမှန်တရားများကို သိရှိလာကာ လူ့ဘဝ သက်တမ်းတစ်လျှောက် ငြိမ်းချမ်းသာယာသောဘဝကို မိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိ
ုင် တော့မည် ဖြစ်ပေသည်။
ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

DVB entertainment ,မြန်မာ့သားကောင်းဘလော့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...