ဧဒင်အချစ်ပုံပြင်: ရွှေသံလွင်ကုမ္ပဏီရုပ်သံ လိုင်းသစ်ထပ်မံထုတ်လွှင့်မည်

Thursday 2 August 2012

ရွှေသံလွင်ကုမ္ပဏီရုပ်သံ လိုင်းသစ်ထပ်မံထုတ်လွှင့်မည်


အင်္ဂလိပ်ဘာသာ စကားဖြင့် နိုင်ငံတကာသို့ အခမဲ့ ထုတ်လွှင့်ပြသနေသည့် Myanmar International နှင့် Sky Net အခပေး ရုပ်သံလိုင်းများကို ထုတ်လွှင့်နေသည့် ရွှေသံလွင် ကုမ္ပဏီက အခမဲ့ရုပ်သံလိုင်းသစ် တစ်လိုင်း ထုတ်လွှင့်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အရင်ဦးဆုံး Testing အနေနဲ့ Sky Net ကနေ တစ်လ နှစ်လလောက် ထုတ်လွှင့်သွားဦးမယ်။ နောက်ပိုင်းကျရင်တော့ Free to Air ပေါ့” ဟု ၎င်းက ဆိုသည်။ အဆိုပါ Myanmar National အမည်ရှိ အခမဲ့ ရုပ်သံလိုင်းသစ်တွင် ကဏ္ဍစုံလင်စွာ ထုတ်လွှင့်မည် ဖြစ်ပြီး
ရန်ကုန်မြို့ နှင့် အနီးတစ်ဝိုက်တွင် အင်တာနာရှိရုံဖြင့် ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
MRTV-3 ရုပ်သံလိုင်းကို ၂၀၁၁ ပြည့်နှစ်တွင် Myanmar International ရုပ်သံလိုင်းအဖြစ် စတင်ပြောင်းလဲ ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်များ၊ မှတ်တမ်းတင်ရုပ်ရှင်များနှင့် သတင်းမျာိးု အင်္ဂလိပ်စာတန်းထိုးကာ ထုတ်လွှင့်ပြသနေသော ရုပ်သံလိုင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...