ဧဒင်အချစ်ပုံပြင်: ချင်းပြည်နယ်က လက်ခွဲသစ်

Wednesday 8 August 2012

ချင်းပြည်နယ်က လက်ခွဲသစ်


သစ်ခွဲလုပ်ငန်းကို မြန်မာတွေ မစိမ်းကြပါဘူး။ ဟိုးရှေးယခင်ကတည်းက ရိုးရာ သစ်ခွဲနည်းတွေသုံးခဲ့ကြတာ အခုလို စက်ယန္တရားတွေနဲ့ ခွဲတဲ့ ခေတ်ထိ ရှိနေဆဲပါ။

အခု မြင်တွေ့ရမှာ ကတော့ ချင်းပြည်နယ်က သစ်ခွဲပုံလေးပါ။


သစ်လောကမှာ စက်ခွဲနဲ့ လက်ခွဲရယ်လို့ ပြောကြပါတယ်။ စက်ခွဲကတော့ မြန်တယ်၊ လိုချင်တဲ့ အနေအထား စက်ကို ခိုင်းလိုက်တာပါပဲ။ ဒါပေမယ့် လက်ခွဲကတော့ ဒီလိုမဟုတ်ပါဘူး။ အချိန်ပေးရတယ်။ စိတ်ရှည်ရတယ်။

တချို့က လက်ခွဲကို ပိုကြိုက်တာတွေရှိပါတယ်တဲ့။ ဖျော်ရည်သောက်သလို စက်ဖျော်နဲ့ လက်ဖျော်မှာ လက်ဖျော်ကို ပိုကြိုက်သလိုပါပဲ။

ဒါပေမယ့် အခုလို လက်ခွဲ သစ်တွေကို သစ်တောဥပဒေအရ လိုင်စင်မရှိရင်တော့ အဖမ်းခံရနိုင်ပါတယ်။

တချို့က လိုင်စင်နဲ့ သစ်ခွဲခွင့် လျှောက်ထားလုပ်ကိုင်ပေမယ့် နယ်စွန်၊ နယ်ဖျားတွေမှာတော့ လိုင်စင်ဆိုတာတွေ နားမလည်ပါဘူး။

သူတို့က တောထဲသွား၊ သစ်ခုတ်၊ သင်းသတ်၊ ပြီးတော့ အခုလို လက်ခွဲသစ်တွေ လုပ်ပြီး အဆောက်အဦးဆောက်၊ ဒါကပဲ သူတို့ ပုံမှန်လို ဖြစ်နေတာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...