တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင်ကျင်းပပြုလုပ်မည့် (၄၆)ကြိမ်မြောက်အာရှကာယ ဗလနှင့်ကြံ့ခိုင်မှုIအားကစား ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အမျိုးသမီးကာယ ကြံ့ခိုင်မှု အားကစားမယ်များ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်
ပြိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင်Women Model Physique နှင့် Women Fitness Physique ဟူ၍ပြိုင်ပွဲအမျိုးအစားနှစ်မျိုး
" အရင်နှစ်တွေက အမျိုးသားအားကစားသမားတွေပဲ ဝင်ပြိုင်တာ၊ ဒီနှစ်တော့ အမျိုးသမီးအားကစားမယ်
တွေလည်း နိုင်ငံတကာ အတွေ့အကြုံရအောင် ဝင်ပြိုင် ဖို့စီစဉ်ရတာပါ၊"ဟု မြန်မာနိုင်ငံကာယကြံ့ခိုင်မှုI
အားကစားအဖွဲ့ချုပ်တွဲဖက်အတွင်း ရေးမှူး ဦးဝင်းကြည်က ပြောသည်။
အာရှကာယဗလနှင့် ကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအားကစားသမား (၃)ဦး စေလွှတ်မည်ဖြစ်
ပြီး (၆၅)ကီလို တန်းအမျိုးသားပြိုင်ပွဲအတွက် စိုးမိုးအောင် က ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အမျိုးသမီး
ပြိုင်ပွဲတွင် မြန်မာမှ ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးများအနေဖြင့် အမျိုးသားများကဲ့သို့ကိုယ်ကာယကြံ့ခိုင်မှုကို ထုတ်ဖော်ပြသရာတွင် အခက်
အခဲအမျိုးမျိုးကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ရာမှ ယခုနှစ်တွင် စတင်ပါဝင်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့ မှ (၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အာရှကာယဗလအဖွဲ့ချုပ်သည် ၁၉၅၉ ခုနှစ်တွင် မြန်မာအပါအဝင် နိုင်ငံ(၆) နိုင်ငံမှ စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ(၄ဝ)အထိ ပါဝင်လာပြီး အမျိုးသား၊အမျိုးသမီးကာယဗလနှင့်ကြံ့ခိုင်မှုပြိုင်ပွဲများ
ကိုနှစ်စဉ်ကျင်းပပေးခဲ့သည်။
မြစ်မခသတင်း
No comments:
Post a Comment