ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်သူသြစတေးလျနိုင်ငံသား

Friday, 3 August 2012

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်သူသြစတေးလျနိုင်ငံသား



ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ် မြန်မာနိုင်ငံသို့ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ်သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို
မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင် မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။
အဆိုပါနိုင်ငံသားသည် အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့်

ကရင်ပြည်နယ်ဘားအံမြို့၌သွားရောက်တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီးနောက်
ယနေ့ညနေပိုင်းတွင် မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ကျန်းမာရေးကြောင့်လမ်းမလျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဆွေဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့
လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင် ကလေးငယ်နှစ်ဦးကိုမဖွယ်မရာပြုမှုဖြင့်အမှုရင်ဆိုင်နေရသည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင်
ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည်ကိုပြောကြားရန် သတင်းထောက်များ၏မေးခွန်းကို ထိုင်းရဲကငြင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင်ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြတိုက်မှုတွင်ပါဝင်ပတ်သက်သူဟုယူဆရသူကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က
မဲဆောက်မှတဆင့် မြ၀တီရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးအပ်ခဲ့သည်။

@ Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...