ဧဒင်အချစ်ပုံပြင်: မလေးရှားကို တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို

Monday 6 August 2012

မလေးရှားကို တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို

မလေးရှားရှိ မြန်မာ အလုပ်သမားများ ( ဓါတ်ပုံ- IMNA)

တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို မလေးရှားနိုင်ငံ ရှူပိန်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု မလေးရှားရဲက ပြောသည်ဟု Bernama  သတင်းတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူများ အထဲတွင်  အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြပြီး ထိုအထဲတွင်  အသက် ၄နှစ် အရွယ် ကလေး သုံးဦး  ပါဝင်သည်ဟု ဆိုသည်။
သူတို့အား မလေးရှားနိုင်ငံ ရှူပိန်း (  Chuping) မြို့နယ် ကြံခင်းတစ်ခုရှိ ချုံပုတ် တခုထဲတွင် ပုန်းအောင်းနေစဉ် ဖမ်းဆီး ရမိခြင်းဖြစ် သည်ဟု ရဲက ဆိုသည်။
“ သူတို့အထဲက ၃၈ ယောက်ကို သြဂတ်စ်လ ၄ ရက်နေ့ ညနေ ၈ နာရီမှာ ဖမ်းမိပြီးတော့ ကျန် ၄ ဦးကို သြဂတ်စ်လ ၅ ရက်နေ့ နံနက်  ၅နာရီခွဲမှာ ဖမ်းမိပါတယ်” ဟု ရှူပိန်းမြို့နယ် အုပ်ချုပ်ရေးမှူး UPP Commander ASP Md Fawzie Aris က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။
ယခုအခါ ဖမ်းဆီးထားသူများအား စစ်ဆေးရန် ရှူပိန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ် သည်ဟု ဆိုသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ၏ နေရပ်လိပ်စာနှင့် မည်သည့် လူမျိုးဖြစ်ကြောင်းကို သတင်းတွင် ဖေါ်ပြထားခြင်း မရှိပေ။
Narinjara Media:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...