Thursday 23 August 2012
ဗြိတိန်အိမ်ရှေ့မင်းသား Harry ရဲ့ အဝတ်မပါပုံများ US Website မှ ဖြန့်ချီ
ဗြိတိန်ဘုရင်မကြီး၏ မြေးဖြစ်ပြီး သုံးယောက်မြောက် ဗြိတိန်နိုင်ငံ၏ အရိုက်အရာဆက်ခံမည့် ဗြိတိန်အိမ်ရှေ့မင်းသား Harry ရဲ့ အဝတ်မပါသော ပုံများကို US Website မှ ဖြန့်ချီခဲ့ကြောင်း သိရသည်။
US အတင်းအဖျင်း Website ဖြစ်တဲ့ TMZ show တွင် Apache helicopter ရဲ့ လေယာဉ်မှူးဖြစ်သူ ဗြိတိန်အိမ်ရှေ့မင်းသား Harry က တကိုယ်လုံး အဝတ်အထည်လုံးဝမရှိဘဲ သူ၏ လိင်အင်္ဂါကို လက်ဖြင့်ဖုံးအုပ်ထားပြီး သူ့အနောက်မှာ ကိုယ်ဗလာနဲ့ အမျိုးသမီးငယ်တစ်ဦးက ကွယ်နေပုံကို ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုပုံဟာ အမေရိကန်ပြည်ထောင်စု Las Vegas က ဟိုတယ်တစ်ခုထဲရှိ VIP suite တွင်
ရိုက်သည့်ပုံဖြစ်ကြောင်းလည်း သိရသည်။
နောက်တစ်ပုံမှာတော့ ထိုအမျိုးသမီးနှင့်ပင် ရင်ချင်းအပ်ဖက်ထားတဲ့ နောက်ကျောမှပုံကို ဖော်ပြထားခဲ့ကြောင်း သိရသည်။
TMZ က တင်ပြထားသော ပုံများထဲတွင် ဗြိတိန်အိမ်ရှေ့မင်းသား Harry နှင့် သူ့သူငယ်ချင်းများက hotel bar မှ အမျိုးသမီးများအား သူတို့အခန်းသို့ လိုက်ခဲ့ဖို့ ဖိတ်ခေါ်နေသော ပုံလည်း ပါဝင်ကြောင်း သိရသည်။
ဗြိတိန်အိမ်ရှေ့မင်းသား Harry နဲ့ သူငယ်ချင်းအုပ်စု ရေကူးကန်အတွင်း ချွတ်ကစားရင်း ရေကူးခဲ့သော ပုံများမှ စတင် ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရသည်။
ဗြိတိန်အိမ်ရှေ့မင်းသား Harry ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ထိုပုံများနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခြင်း မရှိခဲ့ဘဲ ဒီပုံများဟာ ဗြိတိန်ဘုရင်မကြီးနဲ့ ဗြိတိန်တော်ဝင်မိသားစုအား စိတ်အနှောင့်အယှက်ပေးဖို့ ရည်ရွယ် ဖြန့်ချီခဲ့တာဟု ယူဆရကြောင်းလည်း သိရသည်။
Source : The times of India
Subscribe to:
Post Comments (Atom)
No comments:
Post a Comment