Monday, 13 August 2012
Screen အ၀ိုက်ဖြင့်ထုတ်လုပ်ထားသည့် Google Nexus D စမတ်ဖုန်းနမူနာထွက်ပေါ်
အဆင့်မြင့် Feature များထည့်သွင်းထားပြီး သတ္တုထောက်တိုင်တစ်ခုလည်း ပါဝင်သည့် Google Nexus စမတ်ဖုန်းသစ်၏ နမူနာပုံစံကို မကြာသေးမီက စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါစမတ်ဖုန်း၏ Display မှာ ရေပြင်ညီပုံစံမဟုတ်ဘဲ အ၀ိုက်ပုံစံဖြင့်ထုတ်လုပ်ထားကြောင်း သိရသည်။
Nexus D ဟုအမည်ပေးထားသော Google စမတ်ဖုန်းသစ်တွင် Touchscreen Display ကို မျက်နှာပြင်အခွက်အနေအထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ္တုထောက်တိုင်ပါဝင်သည့်အတွက် အဆင့်မြင့်ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်များကို အဆင်ပြေစွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Screen ၏အစွန်းကို Message အသစ်ဝင်လာလျှင် အသိပေးနိုင်ရန်အတွက် အလင်းချောင်းဖြင့် တန်ဆာဆင်ထားသည်။
Nexus D ကို နမူနာအနေဖြင့်သာ ထုတ်လုပ်ထားသော်လည်း ၎င်းတွင် Quad-Core 1.8 GHz ပရိုဆက်ဆာအသုံးပြုထားပြီး RAM 1.5GB ထည့်သွင်းပေးထားကာ သိုလှောင်မှုပမာဏ 32GB မှ 64GB အထိပါဝင်မည်ဟု သိရသည်။
အကြမ်းခံနိုင်ရန် ထုတ်လုပ်ထားပြီး Built-in NFC လည်း ထည့်သွင်းပေးထားသည်။
လုံခြုံရေးစနစ်အတွက် Fingerprint Scanner သို့ မျက်ကြည်လွှာဖတ်ရှုသည့်စနစ်လည်း ပါဝင်မည်ဖြစ်သည်။
ရေးသားသူ -ဟေမာ
Ref: CNET UK
Subscribe to:
Post Comments (Atom)
No comments:
Post a Comment