ဧဒင်အချစ်ပုံပြင်: ဧရာဝတီတိုင်းတွင် TAXI ပြေးဆွဲရန် ကားသစ် ၃၈စီး Good Brother ကုမ္ပဏီက တင်သွင်း

Wednesday 1 August 2012

ဧရာဝတီတိုင်းတွင် TAXI ပြေးဆွဲရန် ကားသစ် ၃၈စီး Good Brother ကုမ္ပဏီက တင်သွင်း

ဧရာဝတီတိုင်း ဒေသကြီး အစိုးရ၏ ထောက်ခံ ချက်ဖြင့် ဧရာဝတီ တိုင်းတွင် TAXI ပြေးဆွဲရန် Good Brother ကုမ္ပဏီက TAXI ကားသစ် ၃၈ စီး တင်သွင်းခွင့် ရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ စုံစမ်း သိရသည်။
TAXI ကားသစ်တွေကို ကုမ္ပဏီတွေက တင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရရဲ့ ထောက် ခံချက်နဲ့ လျှောက်ထားတာတွေ ရှိ တယ်။ဧရာဝတီတိုင်းမှာဆိုရင်တော့ Good Brother ကုမ္ပဏီက ၃၈ စီး သွင်းဖို့ လျှောက်ထားတာ ခွင့်ပြု လိုက်ပြီ”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။
TAXI ကားသစ်များ တင် သွင်းရန် Good Brother ကုမ္ပဏီ အပါအဝင် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကုမ္ပဏီစုစုပေါင်း ၁၁၃ ခုလာရောက် လျှောက်ထားပြီးTAXI ကားသစ် စီးရေ ၆၈၈
စီးတင်သွင်းခွင့်ပြုထား ကြောင်း ၄င်းကဆက်လက်ပြောဆို သည်။ အစိုးရက သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ နယ်မြေအတွင်း မှတ်ပုံတင်သက် တမ်းတစ်လျှောက် အငှားယာဉ် အဖြစ်သာ အသုံးပြုရန်အတွက် ကုမ္ပဏီများက တင်သွင်းယာဉ် အား “နယ်မြေမပြောင်းရ၊ ကိုယ်ပိုင် ယာဉ်အဖြစ်ပြောင်းလဲခွင့်မပြု” ကန့် သတ်ချက် မှတ်ပုံတင်ခ ၅၀ ရာခိုင် နှုန်းလျှော့ချကောက်ခံမည် ဖြစ် ကြောင်း တရားဝင်ထုတ်ပြန်ထား သည်။ TAXI အဖြစ် အသုံးပြုမည့် ယာဉ်များကို အောက်ခံအနီရောင် တွင် အင်္ဂလိပ်စာလုံး၊ ဂဏန်းအားအဖြူရောင်ဖြင့် AA 1001 မှ ၉၉၉၉ အထိ သီးခြားသတ်မှတ်ပေးမည် ဖြစ်ပြီး AA ကုန်ဆုံးပါက BB, CC ဖြင့် ဆက်လက်သတ်မှတ်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်များအရ သိ ရှိရသည်။
Venus News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...