လတ်တလော မှာ ထွန်းအိန္ဒြာဗို က ဒါရိုက်တာ ညီညီ ထွန်းလွင် ရိုက်ကူးတဲ့ ‘
ဘဝကို လောင်းကြေး ထပ်သူများ’ ဆိုတဲ့ ဇာတ်ကားမှာ လူမင်း၊ ပိုင်ဇေ ရဲထွန်း၊
ရွှေမှုန်ရတီ တို့နဲ့အတူ သရုပ်ဆောင် နေ ပါတယ်။ ဒီ ဇာတ်ကား မှာ သားဆိုး အမေ
တစ်ယောက် အဖြစ် သရုပ်ဆောင် ထားတဲ့ ထွန်းအိန္ဒြာ ဗိုက အပြင်မှာ တကယ်
ကိုယ့်သား သာ ဖြစ်ခဲ့ရင် ငြိမ်ခံ နေမှာ မဟုတ်ကြောင်း ဆိုပါတယ်။ “ကိုယ့်
သားလေး လို့ သဘော ထားပြီး သရုပ်ဆောင် တယ်။ အဲဒီလို မျိုးတွေ တော့
ကိုယ်ချင်းစာ ပြီး သရုပ်ဆောင်ဖြစ် တယ်။ အစ်မ သား ကပြန်တော့ပြောတယ်။ ဒါပေမဲ့
ဆိုးသွမ်းပြီး တော့ ပြောတာ မ ဟုတ် ဘူး။ သူ့ အိုင်ဒီယာ လေးကို ပြန်ပြောပြ
တာဆိုတော့ မိဘတွေ အနေနဲ့ လက်ခံပေး ရတာပေါ့။ ဒီကား ထဲကလို အဲဒီ လောက်
ဆိုးသွမ်း သွား ရင်တော့ အစ်မ ခွင့်လွှတ် မှာ မဟုတ်ဘူး” လို့ ပြောပါ တယ်။
နိုဝင်ဘာလ မှာ ပြုလုပ်မယ့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် ကြိုတင် ပြီး
ပြင် ဆင် နေပြီဖြစ်တဲ့ ထွန်းအိန္ဒြာဗို က ကားရိုက် တွေကို ခဏနား ထားပြီး
ရှိုးပွဲပြီး မှသာ ပြန်ရိုက် တော့မှာ ဖြစ်ကြောင်း ပြောပါ တယ်။
တစ်ကိုယ်တော်ပွဲ မှာ ထူးခြားတဲ့ စီစဉ်မှု တွေနဲ့ တင်ဆက် မှာ
ဖြစ်ကြောင်းပြောတဲ့ ထွန်းအိန္ဒြာဗို က…
” အစ်မ တစ်ကိုယ်တော် ပွဲ မှာ
သီချင်း စုစုပေါင်း အပုဒ် ၄ဝ လောက် ဖျော်ဖြေ မယ်။ သီချင်းတွေ ကို
ဗားရှင်းပြောင်းပြီး တော့လည်း ဆိုမယ် ။ တော်တော် များများကို ပုံစံအသစ်
ပြန်လုပ် သွားမှာပါ။ အပုဒ် ၄ဝ
ဆိုဖို့ ရည်ရွယ် ထားတယ်။ ဝိုင်းကူကြမယ့်
အနုပညာ ရှင် မောင်နှမ တွေလည်း ပါမယ့် အတွက်ကြောင့် ဘယ်နှပုဒ် ထပ်ဝင် မလဲ
ဆိုတာ မသိ သေးဘူး။ ပွဲချိန် အတွင်း ဆိုရမှာ။ အစ်မ တစ်ယောက်တည်း ဆိုထားတဲ့
သီချင်းတွေ ကိုလည်း ဟစ်ဟော့ပ် ဗားရှင်းတွေနဲ့ လုပ်ထား တယ်။ အစ်မ ကြိုးစား
တင်ပြမှာပါ။ ရှိုး အဖွင့် ဇာတ်လမ်း ကိုတော့ ကိုလူမင်း ဒါရိုက်တာ အဖြစ်
ဖန်တီး ပေးထားတယ်” လို့ ပြောတဲ့ ထွန်းအိန္ဒြာဗိုက တစ်ကိုယ်တော် ဖျော်ဖြေပွဲ က
ရသမျှငွေတွေ အကုန်လုံး ကိုလည်း လှူသွားမှာဖြစ်ေ ကြာင်း ပြော ပါတယ်။” ပွဲက
ရသမျှ အကျိုး အမြတ် အားလုံး အစ်မလှူ သွားမယ်။ အဓိက ကတော့ ဒီပွဲပြုလုပ်တာ
အစ်မ လှူချင်လို့ လုပ်ဖြစ် သွား တာ။ တကယ် တမ်းကျတော့ ပွဲကို မိုးလေ လွတ်မှ
စီစဉ်မယ် ဆိုပြီး စိတ်ကူးရင်း နဲ့ နိုဝင်ဘာလ ရောက် သွားတာ။ ဒီ
အိုင်ဒီယာလေးးကို ပုံဖော် ချင်နေ တာ ကြာပြီ” လို့ ပြောပါ တယ်။
ထွန်းအိန္ဒြာဗို တစ်ကိုယ်တော် ရှိုးပွဲကို ရုပ်သံနဲ့ တိုက်ရိုက်
ထုတ်လွှင့်ပြသမှာဖြစ် ကြောင်းလည်း ပြောပါတယ်။
တွယ်တာ
No comments:
Post a Comment