ဧဒင်အချစ်ပုံပြင်: တရုတ်က ဂျပန်သံအမတ်ကိုခေါ် သတိပေး၍ ပိုင်နက် အငြင်းပွားကျွန်း သို့စစ်သဘောင်္နှစ် စင်းစေလွှတ်

Tuesday 11 September 2012

တရုတ်က ဂျပန်သံအမတ်ကိုခေါ် သတိပေး၍ ပိုင်နက် အငြင်းပွားကျွန်း သို့စစ်သဘောင်္နှစ် စင်းစေလွှတ်


တရုတ်နှင့်ပိုင်နက်အငြင်းပွားနေသော ကျွန်းများကို ဂျပန်အစိုးရကဝယ်ယူမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံဘေဂျင်းရှိ ဂျပန်သံအမတ်ကို တရုတ်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီး ပိုင်နက်အငြင်းပွားဒေသသို့ တရုတ်စစ်သဘောင်္ နှစ်စင်းကိုစေလွှတ် လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။
တရုတ်၏ အချုပ်အခြာအာဏာကို ရဲဝံ့ပြတ်သားစွာတောင်းဆိုသွားရန် ဂျပန်နှင့်ပိုင်နက်အငြင်းပွားနေသော ကျွန်းအနီးသို့ တရုတ် ကင်းလှည့်စစ်သဘောင်္နှစ်စင်းကို စေလွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းကဆိုသည်။ လွန်ခဲ့သောရက်ပိုင်းက တရုတ်နှင့်ဂျပန်ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းများထဲမှ ဂျပန်လူမျိုးများပိုင်ဆိုင်သော ကျွန်း ၃ ခုကို ဂျပန်အစိုးရက ဝယ်ယူရန်ကမ်းလှမ်းခဲ့ပြီးနောက် ယခုတပတ်တနလာင်္နေ့တွင် တရုတ်နိုင်ငံမြို့တော်ဘေဂျင်းရှိ ဂျပန်သံအမတ်ကို တရုတ်အစိုးရကခေါ်ယူသတိပေးခဲ့သည်။
ထိုင်ဝမ်မှ ကီလိုမီတာ ၂၀၀(၁၂၅ မိုင်)ကွာဝေးပြီး၊တိုကျိုမြို့မှ ကီလိုမီတာ ၂,၀၀၀
အကွာအဝေးတွင်တည်ရှိသော အဆိုပါကျွန်းများသည် ပင်လယ်ရေလမ်းကြောင်းအရ မဟာဗျူဟာနေရာတွင်ရှိပြီး၊ပတ်ဝန်းကျင်တွင်လည်း အဖိုးတန်သော တွင်းထွက်ပစ္စည်းများရှိမည်ဟု ခန့်မှန်းထားသည်။
တရုတ်အခေါ် ဒိုင်အိုယုဟုခေါ်ပြီး ဂျပန်အခေါ် ဆန်ကကူ ဟုခေါ်သော အဆိုပါကျွန်းစုများတွင် အဓိကကျွန်းစု ၅ခုရှိရာ ၄ကျွန်းကို ဂျပန်အစိုးရက ငှားရန်းထားပြီး၊၅ ကျွန်းမြောက်ကျွန်းကို ဂျပန်အစိုးရက ပိုင်ဆိုင်သည်။
အဆိုပါကျွန်းများပေါ်သို့ လူအများသွားရောက်ခြင်းနှင့် အဆောင်အဦးဆောက်လုပ်ခြင်းကို ဂျပန်အစိုးရကခွင့်မပြုပေ။
လွန်ခဲ့သောသီတင်းပတ်က အဆိုပါကျွန်းများပေါ်သို့ တရုတ်နိုင်ငံသားများသွားရောက်ခဲ့ခြင်းကြောင့် ဂျပန်အစိုးရကဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ပြန်ပို့ခဲ့သည်
ထို့အတူ အဆိုပါကျွန်းပေါ်သို့ဂျပန်နိုင်ငံသားများက တက်ရောက်၍ ဂျပန်အလံများလွှင့်ထူခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတစ်ဝန်းတွင် ဂျပန်ဆန့်ကျင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ဂျပန်နှင့်တရုတ်တို့သည် အဆိုပါပိုင်နက်ပြဿနာတင်းမာမှုကြောင့် မကြာသေးခင် ရက်ပိုင်းကကျင်းပခဲ့သော အေပက်ထိပ် သီးဆွေးနွေးပွဲတွင် သီးခြားတွေ့ဆုံနေကြ ၂ နိုင်ငံထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းမရှိပေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...