ဧဒင်အချစ်ပုံပြင်: ဗီလိန် ဇာတ်ရုပ် အတွက် မဝံ့မရဲဖြစ်နေတဲ့ စိုးနန္ဒာကျော်

Saturday 1 September 2012

ဗီလိန် ဇာတ်ရုပ် အတွက် မဝံ့မရဲဖြစ်နေတဲ့ စိုးနန္ဒာကျော်


ဗီလိန် ဇာတ်ရုပ် အတွက် မဝံ့မရဲဖြစ်နေတဲ့ စိုးနန္ဒာကျော်MRTV-4 မှ ထုတ်လွှင့် လျက် ရှိသော “အချစ်၏သင်္ကေတ” ဇာတ်လမ်း တွဲတွင် အဓိက ပါဝင် သရုပ်ဆောင် ထားသည့် စိုးနန္ဒာကျော်က ဇာတ်လမ်း တွဲ တွင် မြတ်နိုးခင်မှ ဗီလိန်ဇာတ်ရုပ် မာယာချိုအဖြစ် စိတ်ချင်းပြောင်းကာ သရုပ်ဆောင်ရသည့်အတွက် ဇာတ်ရုပ်နှင့် အံဝင်ခွင်ကျ မဖြစ်မှာကို စိုးရိမ်မိ ခဲ့ကြောင်း ပြောသည်။

“ဇာတ်လမ်းလေးက ပထမထက်စာရင် နည်းနည်းဆန်းတယ်ပေါ့။ ညီမနဲ့ မာယာချိုနဲ့ စိတ်ချင်း ချိတ်ဆက်ထားတော့ နည်းနည်းဆန်းသလို ဖြစ်နေတယ်။ အဲဒီလို ကာရိုက်တာပြောင်းပြီး သရုပ်ဆောင်ရတာ အခက်အခဲရှိတယ်။ မာယာချိုက ပထမဇာတ်လမ်းတွဲမှာ အရမ်းတော်ထားတယ်လေ။ မမီမှာလည်း ကြောက်တယ်။ ကြိုးစားပြီး လုပ်ရတယ်။ မာယာချို ကာရိုက်တာကို အဓိကထားပြီး ကြည့်ဖြစ်လာတယ်။ ပြောပုံ၊ လမ်းလျှောက်ပုံ၊ သူ့ရဲ့ နေပုံထိုင်ပုံကို သတိထားပြီး ကြည့်မိလာတဲ့ အခါကျတော့ ဒုတိယဇာတ်လမ်းတွဲမှာ လုပ်လိုက်တဲ့ အရာရာတိုင်းမှာ ငါမာယာချိုဆိုပြီး စိတ်သွင်းရတာတစ်ခုပဲ ခက်ခဲတယ်။ ဒီဇာတ်ရုပ်ဝင်ဖို့ အရမ်းကြိုးစားရတယ်” ဟု စိုးနန္ဒာကျော်က ပြောသည်။

စိုးနန္ဒာကျော်သည် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားခြင်း မဟုတ်ဘဲ အရန်အဖြစ်သာ သရုပ်ဆောင်ထားသော ဗီဒီယိုဇာတ်ကားများ ထွက်ရှိနေပြီး ထိုဇာတ်ကားများအနက် နို့တိုက်မိခင်၊ ဂီတအမိန့်တော်စသည့် ဇာတ်ကားများ ထွက်ရှိထားကာ ထိုဇာတ်ကားများမှာ ဇာတ်လမ်းတွဲ မရိုက်ကူးခင်က ရိုက်ထားသော ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။ “တချို့ကလည်း ပြောတယ်။

ဒီနေရာကို ရောက်ပြီးမှ ဘာလို့ အဲဒီဟာကို ရိုက်တာလဲတဲ့။ အမှန်တော့ မဟုတ်ပါဘူး။ သမီး ဟိုးအရင်က အနုပညာလမ်းကြောင်းပေါ် စလျှောက်တုန်းက ရိုက်ခဲ့တဲ့ ကားလေးတွေပါ။ သမီး အခုတော့ ဒီ “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲကလွဲရင် တခြားဘာမှ မရိုက်ဖြစ်သေးပါဘူး” ဟု စိုးနန္ဒာကျော်က ပြောသည်။ ယခုအချိန်တွင် စိုးနန္ဒာကျော်အား ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းမှုများရှိပြီး ဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီးမှသာ ကြော်ငြာများ ရိုက်ကူးမည် ဖြစ်ကြောင်း သူမက ပြောသည်။

ကြူကြူဟန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...