ဧဒင်အချစ်ပုံပြင်: နိုဝင်ဘာမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် စည်သူလွင်

Saturday, 8 September 2012

နိုဝင်ဘာမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် စည်သူလွင်

ဂီတ အစည်းအရုံးသစ် အမှုဆောင် အဖွဲ့ထဲမှာ စတီရီယို အလွှာ ကနေ အမှုဆောင် သစ် အဖြစ် ရွေးချယ် ခံရသူ တစ်ဦးဖြစ်တဲ့ စည်သူလွင် က အမှုဆောင် အဖွဲ့ ထဲမှာ ပါတဲ့ သူတွေ အားလုံး စုပေါင်းပြီး ကိုယ့်လောက အတွက် ကောင်းကျိုး ရှိတာတွေ လုပ်သွား ကြမယ် လို့ပြောပါတယ်။ "ကျွန်တော် လည်း ဒီအမှုဆောင် အဖွဲ့ထဲမှာ ပါတဲ့ အတွက် တာဝန်ကျေအောင် လုပ်ရ မှာပေါ့။ အားလုံး အတွက် အလုပ်လုပ် ရတဲ့ သဘောပါ။
ခုလို ရွေးချယ်ခံ ရတဲ့အတွက် ကိုယ့်လောက ရဲ့အကျိုးကို တစ်ထောင့်တစ် နေရာကနေ ဝင်ပြီး လုပ်ကိုင်ခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်" လို့ပြောတဲ့ စည်သူလွင်က အရင်နဲ့ မတူတဲ့ ပြောင်းလဲမှုတွေ အများကြီး ဖြစ်စေဖို့ မျှော်လင့်တယ် လို့ပြောပါတယ်။ "အခု ဆိုရင် ခိုးကူးရော ၊ပြီးတော့ မီဒီယာ တွေ ဖွံ့ဖြိုး တိုးတက် လာတာ နဲ့အမျှ တခြား နေရာတွေ ကနေ ကိုယ့်ရဲ့အနုပညာ ရပိုင်ခွင့် အခွင့်အရေးလေးတွေ ဆုံးရှုံးနေတာ အများကြီး ရှိတာပေါ့။ ဒါလေးတွေသာ ပြန်ရနိုင်မယ် ဆိုရင် အားလုံး အတွက် အဆင်ပြေမယ်။ ငွေရေးကြေးရေး အရရော၊ သိက္ခာပိုင်း အရ ရောပေါ့။ အားလုံး အဆင်ပြေလာမယ် ဆိုရင် ဝမ်းသာ ရတာပေါ့။ အဲဒီ အတွက် ကိုယ့်လောက အကျိုးဖြစ်ထွန်းမယ့် ဟာတွေ အဓိက ဦးစား ပေး လုပ်ရမှာပေါ့ " လို့ စည်သူလွင် ကပြောပါ တယ်။
စည်သူလွင် က လက်ရှိ မှာတော့ ဆောင်းဦးလှိုင်၊ အဲလက်စ် တို့နဲ့အတူ 19:18 အခွေသစ် ထပ်လုပ်ဖို့
စီစဉ်နေပြီး သီချင်းတွေ စုနေပြီ လို့သိရပါတယ်။ စည် သူလွင် က နိုဝင်ဘာလ ထဲမှာတော့ သူ့ရဲ့ တစ်ကိုယ်တော် ရှိုးပြုလုပ်ဖို့ စီ စဉ် ထားတယ် လို့သိရတာကြောင့် ဘယ်လို တွေပြင်ဆင်ထား လဲဆိုတော့... "အခုကစပြီး သီချင်းတွေရွေးနေပါပြီ။ Plus 3 နဲ့တီးမှာပါ။ အဓိကကတော့ လူသိ တဲ့သီချင်းမျိုး၊ ပရိသတ် လက်ခံမယ့် သီချင်း မျိုးကို အဓိ ကရွေးပါတယ်။
အားလုံးပေါင်း ၃၅ ပုဒ်လောက်ဆိုဖို့ မှန်းထားတယ်။ အရင် အခေါက်ပွဲလိုတော့ မဟုတ်ဘူး။ ဒီအခေါက်က ကျွန်တော် ပိုဆိုမယ်။ စုံတွဲ သီချင်း အနေနဲ့ ကိုယ်နဲ့ တွဲဆိုဖူးတဲ့ သူတွေနဲ့တော့ တွဲဆိုမှာပါ။ တကယ့် စုံတွဲ သီချင်းတွေ ကိုပဲ ဆိုမှာ ပါ" လို့ စည်သူလွင်က သူ့ရဲ့ နိုဝင်ဘာ တစ်ကိုယ်တော်ရှိုး အကြောင်းကိုလည်း ပြောပြခဲ့ပြီး ဒီပွဲကိုအမျိုးသား ကဇာတ်ရုံမှာ လုပ်ဖြစ်ဖို့များမယ်လို့လည်း သိရပါတယ်။
ရဲရဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...