ဧဒင်အချစ်ပုံပြင်: ခုနှစ်ရက်သားသမီးများအတွက် ( ၁၀.၉.၁၂ ) မှ ( ၁၆.၉.၁၂) ထိ တပတ်စာဟောစာတမ်း

Sunday 9 September 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၀.၉.၁၂ ) မှ ( ၁၆.၉.၁၂) ထိ တပတ်စာဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားထွက်ရန်ကြိုးစားနေသူများ နိုင်ငံရပ်ခြားခရီးအားကောင်းခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ထီပေါက်တတ်ခြင်းဖြစ်တတ်သည်။
အမိနိုင်ငံသို့လည်း အလည်အပတ်ပြန်ရတတ်သည်။ အလုပ်ပြောင်းရတတ်ခြင်း၊ အခန်းပြောင်းရခြင်းဖြစ်တတ်သည်။ အလုပ်တွင် အတိုက်
အခံဖြစ်နေတတ်ခြင်း၊ ဆိုင်ခန်းကိစ္စ၊ စာရွက်စာတမ်းကိစ္စများကြောင့်စိတ်ညစ်စရာများကြုံတွေ့နေရတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်
လမ်းခွဲရတတ်သည်။
ကျန်းမာရေး။  အစားမှားခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ တယောက်နှင့်တယောက် နားလည်မှုများနှင့်အဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၁  ၂ ၄ ၇)
တနင်္လာသားသမီးများ၏ကံကြမ္မာ
စာရွက်စာတမ်းကိစ္စအဆင်ပြေမည်။ အိုးပိုင်အိမ်ပိုင်ရတတ်သည်။ စက်ပစ္စည်းများဝင်မည်။ မိမိအတွက်အရေးကြီးသတင်းကောင်းများ
ပါသောစာတစောင်ရောက်လာတတ်သည်။ အလုပ်တွင်အဆင်မပြေမှုများဖြစ်နေတတ်သည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများ မိမိရစရာ
ငွေများမရဘဲမိမိကပေးစရာများရှိနေတတ်သည်။ ငွေအတွက်ပူပင်သောကဖြစ်နေတတ်သည်။
ကျန်းမာရေး။ မိမိကိုယ်တိုင်ခြေထောက်ဒဏ်ရာရခြင်း၊ ဇနီးရှိသူများဇနီးခွဲစိတ်မှုလုပ်ရခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တယောက်တနေရာစီဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဂျင်းသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၃ ၁)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ဒွိဟစိတ်များနေမည်။ ဟိုသွားချင်၊ ဒီသွားချင်ဖြစ်နေတတ်သည်။ အလုပ်တွင်လည်းစိတ်တိုင်းမကျဖြစ်နေခြင်း၊ အလုပ်ပြောင်းချင်စိတ်ဖြစ်
နေတတ်သည်။ သို့သော်အလုပ်မပြောင်းပါနှင့်၊ ပြောင်းကယခုလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီးစိတ်ညစ်စရာဖြစ်တတ်သည်။
ပြည်တွင်းပြည်ပခရီးနှစ်မျိုးစလုံးဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းဖြစ်တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရခြင်းဖြစ်
တတ်သည်။ အသွားအလာသတိထားပါ။
ကျန်းမာရေး။ အအေးမိခြင်း၊ နှာခေါင်းရောဂါဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၀ ၁ ၆)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရမည်။ အလှူလုပ်ပြီးသော် စီးပွားတက်ခြင်း၊ ရွှေဝင်ခြင်း၊ တိုက်အိမ်ပြုပြင်ခြင်း၊ ခရီးမကြာခဏသွားရခြင်းဖြစ်နေတတ်သည်။
ကားအဟောင်းမှအသစ်ပြောင်းလဲရတတ်သည်။ စက်ပစ္စည်းထွက်ခြင်း၊ ပြန်ဝင်ခြင်းဖြစ်တတ်သည်။ အရေးကြီးစားရွက်စာတမ်းပျောက်
တတ်သည်။ စာချုပ်စာတမ်းလက်မှတ်ထိုးရခြင်းပြုလုပ်ရတတ်သည်။ သတိပြုပါ။
ကျန်းမာရေး။ အစားမှားပြီး ဗိုက်အောင့်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား တို့ဟူးသုပ်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၀ ၄ ၀ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်သည်။ အလုပ်အကိုင်သစ်လုပ်ရတတ်သည်။ မလုပ်ပါနှင့်ဆုံးရှုံးမှုများမည်။ စိတ်တိုင်းမကျ
ဖြစ်နေမည်။ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို အစစအရာရာသည်းခံပြီးနေပါ။ အလုပ်တွင် အသက်ကြီးသူ၊ ရာထူးကြီးသူ၊
အသက်ငယ်သူ၊ ရာထူးငယ်သူနှစ်ဦးစလုံးကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ ငွေများဝင်မည်သို့သော်အကျိုးမရှိကုန်သွားတတ်သည်။
ကျန်းမာရေး။ ဆေးထိုးမှားတတ်သည်။ ( သတိတက်တူးမထိုးပါနှင့်)။
အချစ်ရေး။ အိမ်ထောင်ကျကိန်းရှိသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၆ ၆)
သောကြာသားသမီးများ၏ကံကြမ္မာ
လုပ်ကိုင်နေသောအလုပ်တွင်နာမည်ကောင်းရနေသည်။ ၀င်ငွေလည်းတိုးနေမည်။ အပိုဝင်ငွေရတတ်သည်။ ရပ်ဝေးမှလက်ဆောင်ပစ္စည်းများ
လည်းရောက်လာတတ်သည်။ ရွှေ၊ နာရီဝင်တတ်သည်။ မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သော
ကိစ္စများပြုလုပ်ရတတ်သည်။ အောင်မြင်ပါလိမ့်မည်။ မကြာခင်ခရီးထွက်ရတတ်သည်။ စက်ပစ္စည်းပျက်နေသောကြောင့်ငွေကုန်နေမည်။
ကျန်းမာရေး။ အရေပြားယားယံနေတတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူနှင့်စိတ်ချမ်းသာနေမည်။
ယတြာ။မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခရမ်းချဉ်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ။ ( ၅ ၁ ၆ ၂)
စနေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီးသွားရခြင်း (သို့) ပျော်ရွှင်သောခရီးသွားရခြင်းဖြစ်မည်။ စီးပွားတိုးတက်နေမည်။ အလုပ်ပြောင်းရွေ့ရခြင်း၊ လုပ်ငန်းသစ်တိုးချဲ့ရန်
အစီအစဉ်ရှိခြင်းဖြစ်နေမည်။ အောင်မြင်မည်။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ပါ။ တခါတခါ ပျော်ပွဲရွှင်ပွဲများသွားပြီးစိတ်အနားယူအပမ်းဖြေပါ။
ကားဝင်ခြင်း၊ ထီပေါက်ခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ ၀မ်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အေးအတူပူအမျှဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်တီသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ။( ၆ ၃ ၄ ၆)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်းမြို့
ကလန်းကားဂိတ် နှင့် Mydin Supremarket အနီး
ဖုန်း +6016 6903 513 ,+6018 2250 510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...