ဧဒင်အချစ်ပုံပြင်: PC များကို တရားမဝင် ထိန်းချုပ်ထား မှုဖြင့် hackerတစ်ဦး ထောင်ဒဏ် လ၃၀ ကျခံရ

Saturday 15 September 2012

PC များကို တရားမဝင် ထိန်းချုပ်ထား မှုဖြင့် hackerတစ်ဦး ထောင်ဒဏ် လ၃၀ ကျခံရ

တရားမဝင် ထိန်းချုပ် ထားသော အိမ်သုံး ကွန်ပျူတာ ထောင်ပေါင်းများ စွာအား access လုပ်ခွင့်ကို ရောင်းချခဲ့သော အမေရိကန် hacker တစ်ဦးမှာ ထောင်ဒဏ်ပြစ်ဒဏ် လ ၃၀ ကျခံရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
Arizona ပြည်နယ်၏ မြို့တော် Phoenix တွင် နေထိုင်သူ Joshua Schichtel မှာ ကွန်ပျူတာဗိုင်းရပ်စ်ကို အသုံးပြုပြီး ထိန်းချုပ်ထားသော PC အလုံးရေ ၇၂,၀၀၀ ကျော်ကို ငှားရမ်းအသုံးပြုခွင့် ပေးခဲ့ခြင်းအတွက် ထောင်ဒဏ်ကျခံရခြင်း ဖြစ်သည်။
botnets ဟု သိထားသော networks ထဲတွင် သန်းချီရှိသည့် PC များကို ထည့်သွင်းထားပြီး အဆိုပါ PC များမှာ junk mail messages များ ပေးပို့ရာတွင် အကူအညီပေးခြင်းဖြစ်သည်။ Schichtel ၏ ဖောက်သည်များမှာ ကိုယ်ပိုင်ဆိုက်ဘာ ဒုစရိုက်ဖြစ်ပေါ်စေရေး ကြိုးပမ်းမှုကို ကူညီရန်အတွက် ၎င်းတို့၏ PC များပေါ်တွင် ကိုယ်ပိုင် malicious software ကို install  ပြုလုပ်ခြင်းဖြစ်သည်။
Schichtel မှာ ထောင်ဒဏ် လ ၃၀ ကျခံရမည့်အပြင် အဆိုပါ ပြစ်ဒဏ်မှ လွတ်မြောက်သည့် အချိန်တွင်လည်း အထူးစောင့်ကြည့်ခံရမည့် အစီအစဉ်တွင် ၃ နှစ်ကြာ ကျခံရဦးမည်ဖြစ်ပြီး
ကြီးကြပ်ရေးအဖွဲ့မှာ ၎င်း၏ကွန်ပျူတာနှင့် အင်တာနက်သို့ ဝင်ရောက် အသုံးပြုမှုမှန်သမျှကို တင်းကျပ်စွာ ထိန်းချုပ်သွားမည်ဖြစ်သည်။
ခွင့်ပြုချက်မရှိဘဲနှင့် ကွန်ပျူတာများကို အဝေးမှ ထိန်းချုပ်ကာ ပျက်စီးမှု တစ်စုံတစ်ရာဖြစ်အောင် ကြိုးပမ်းမှုမှာ US Cumputer Fraudand Abuse Act ဥပဒေကို ချိုးဖောက် ရာကျပြီး Schichtel ကိုယ်တိုင်က US Demaprment of Justice ရုံးတော်၌ ၎င်း၏ အပြစ်ကို ဝန်ခံခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...