မင်းဦးယောင်တာကို ဟာသဖွဲ့ပြီး ရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊ ဒီလိုမျိုး စုံစုံညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာလူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ်ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုး လေး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရကို မေသဉ္ဇာဦးက ပြန်ပြောပြပါတယ်။ အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင် ငံသားအနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ ဘယ်အတိုင်းအတာ အထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေး ဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့မကြာတော့ပါဘူး၊အကြောင်းကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်းနဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလိုသွားမောင်းရမှာဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ်လည်းကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ မေသဉ္ဇာဦးက ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝများ” ဇာတ်ကားမှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော်တို့နဲ့ အတူပါဝင် သရုပ်ဆောင်ထားကြောင်း ပြောပြခဲ့ပါတယ်။
ထူးထူး
No comments:
Post a Comment