အောက်တိုဘာလ ၂၈ရက်နေ့မှာ အေသင်ချိုဆွေက
ဟဲလေး၊Lလွန်းဝါ၊ဝါဆိုမိုးဦး၊ ၅ှအမေ အဖွဲ့တို့နဲ့အတူ ကိုရီးယားနိုင်ငံ သို့
တစ်ပတ်ကြာ ဖျော်ဖြေရေး ထွက်ခွာသွားပါ တယ်။ ကိုရီးယားနိုင်ငံကို
ပထမဦးဆုံးအကြိမ် သွားရောက်ဖျော်ဖြေမှာဖြစ်တဲ့ အတွက် စိုးရိမ် စိတ်တွေ
ရှိနေတယ်လို့ ပြောတဲ့အေသင်ချို ဆွေ က”အေသင် နည်းနည်းတော့ စိုးရိမ်တယ်။
စိုးရိမ်တယ် ဆိုတာက တအားဝေးတဲ့ အခါကျ တော့ မသိတာတွေဖြစ်မှာ ကြောက်လို့၊
အဲဒီ တစ်ခုတော့ စိုးရိမ်စိတ် ရှိနေတယ်။ အေသင် သီချင်းနုတ်စ်တွေကို
အကုန်လုံးယူသွား မှာပါ။ သူတို့ကြိုက်တဲ့ သီချင်းတွေ ဆိုဖြစ်မယ်။ ပြီး တော့
သူတို့တောင်းဆို တဲ့သီချင်းလည်း ဆိုပေးမယ်” လို့ပြောတဲ့ အေသင် ချိုဆွေကို
ပြည် ပက ပရိသတ်တွေနဲ့ အမြဲထိတွေ့လေ့ရှိတဲ့ အတွက် မြန်မာနိုင်ငံက
ပရိသတ်တွေနဲ့ ပြည် ပက ပရိသတ်တွေ အားပေးမှု ဘာတွေ ကွာ ခြားမှုတွေ ရှိသွားမလဲ
ဆိုတာကို မေးကြည့် တော့..
“ကိုယ့်မြန်မာနိုင်ငံက ပရိသတ်တွေကျ တော့
ကိုယ်နဲ့ အမြဲတမ်းထိတွေ့လေ့ရှိတယ်။

ဟိုက ပရိသတ်တွေလည်း တအားအားပေး ကြပါတယ်။
ပြည်ပကျတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် သွားရလာရတာ ခက်ခဲ တယ်။
အဲဒါလေးတစ်ခုပါပဲ”လို့ ပြောပါ တယ်။ “အနီးဆုံးလူနမ်းမှာလား” ဗီစီဒီကို တန်
ဆောင်မုန်းလပြည့်နေ့မှာ ထွက်ရှိတော့မှာဖြစ် ကြောင်း ၊တစ်ခွေလုံးနီးပါးကို
ဒါရိုက်တာ ဇေပါက ပုံဖော်ရိုက်ကူးပြီး ဇေယျ၊ကောင်းခန့်၊ သန္တာဗို၊
မြတ်သူအောင်၊ မြတ်သူကျော်၊ မိုးယံ ဇွန်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အေ
သင်ချိုဆွေကိုယ်တိုင်ကလည်း ၁ဝပုဒ် လောက် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။
‘အနီးဆုံးလူနမ်းမှာလား’ဗီစီဒီကို အကောင်းဆုံးကြိုးစား ပုံဖော်ထားကြောင်း
ပြောတဲ့ အေသင်ချိုဆွေက..
“ဒီအခွေက ထူးခြားမယ် လို့ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းပုံစံတွေ ရိုက်ထားတာလည်း ရှိတယ်။ အဓိကရိုက်တာ
ကျတော့ ‘နှစ်ယောက်တစ်အိပ်မက်’ သီချင်းရိုက် တာကလည်း ထူးခြားတယ်။ ဒါပေမဲ့
တအား ကြီးထူးခြားတာတော့ ပါမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီအခွေက
သီချင်းတွေက အေးအေးလေးတွေ လည်းဖြစ် တယ်။ Story ဇာတ်လမ်း ပုံစံလေးတွေ
ရိုက်ထားတယ်”လို့ ပြောတဲ့အေသင်ချိုဆွေက သူ့ရဲ့ ဒုတိယ တစ် ကိုယ်တော် စီးရီး
ကိုလည်း ဇန်နဝါရီလမှာထွက် ရှိမှာဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ
No comments:
Post a Comment