
တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင် ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက် လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာ ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးဦသန်းထွန်းတို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။
ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကလည်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များ အတွက် တောင်းပန်ခဲ့ပြီး ၀န်ကြီးချုပ်ဦးသိန်းအောင်ကလည်း နောက်နောင် ထိုကဲ့သို့ကိစ္စရပ်များ မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တိုင်းလွှတ်တော်မှ စွပ်စွဲပြစ်တင်မှုကို ဥပဒေနှင့် အညီရုပ်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။
မျိုးမင်းထွန်း ဧရာဝတီတိုင်း (မြစ်မခ)
by Myit Makha Mediagroup
No comments:
Post a Comment