အတွင်းပစ္စည်းများခိုးယူခံလိုက်ရတာဖြစ်တယ်။ အမှုရေးဖွင့် ဆောင်ရွက်နေပါတယ်။ (ပ) နံပါတ်ကတော့ မုံရွာအမှတ်(၂) ရဲစခန်း(ပ) ၄၈၃ / ၂၀၁၂ ပြစ်မှုပုဒ်မ ၄၅၄/၃၈၀ အရ ဖြစ်ပါတယ်” ရဲဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မုံရွာစီးပွားရေးတက္ကသိုလ်သည် အနယ်နယ်အရပ်ရပ်မှ ပညာသင်ကြားရန်လာရောက်ကျောင်းတက်သူ ကျောင်းသားကျောင်းသူများနှင့် အထူးစည်ကားရာတက္ကသိုလ်ကြီးဖြစ်ပြီး ကျောင်းစည်းကမ်းတင်ကြပ်စွာကိုင် တွယ်သင်ကြားလေ့ရှိကြောင်း သိရှိရသည်။“ကျောင်းရဲ့ပင်မဂိတ်တံခါးကြီးကနေ အမြဲတန်းလူဝင်လူထွက်စစ်ဆေးနေတာကိုတွေ့မြင်ရပါတယ်။ ဧည့် စိမ်းဆိုရင်ကျောင်းထဲကိုဝင်ထွက်သွားလာလို့မလွယ်ကူပါဘူး။ အခုလို ဆရာကြီးအိမ်ဖောက်ထွန်းခိုးယူခံရတယ်လို့ ကြားရတော့ အံ့သြမိရတယ်”ဟု ချင်းပြည်နယ်မှလာရောက်ကျောင်းတက်ခဲ့သူ ကျောင်းသားဟောင်းတစ်ဦးကHot Newsသို့ ပြောကြားသည်။ ၎င်း နေအိမ်ဖောက်ထွင်းခိုးယူခံရခြင်းနှင့်ပတ်သက်၍ တာဝန်ခံပါမောက္ခချုပ်ကိုယ်တိုင် မုံရွာအမှတ်(၂) ရဲစ ခန်းသို့ ယခုလ ၂၃ ရက်နေ့ မွန်း၂နာရီခွဲအချိန်ခန့်က သွားရောက်တိုင်တန်းခဲ့ခြင်းကြောင်း၊ ရဲဌာနရှိ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများပူးပေါင်း၍ ၎င်းဖောက်ထွန်းခိုးယူခံရမှုနှင့်ပတ်သက်သည့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။
စိုးမိုးထွန်း(မုံရွာ)
No comments:
Post a Comment