ဧဒင်အချစ်ပုံပြင်: ဖုတ်ဖရမြို့ကားမှောက်မှု မြန်မာ ၃ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

Monday 29 October 2012

ဖုတ်ဖရမြို့ကားမှောက်မှု မြန်မာ ၃ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

မဲဆောက်ဆေးရုံတွင် ကုသမှုခံယူနေသည့် ဦးမဲလုံး (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင် သွားရောက်မည့် ကားတစီး လမ်းဘေး ထိုးကျသွားရာ အလုပ်သမား ၃ ဦး သေဆုံးပြီး  ၂၀ ကျော် ဒဏ်ရာ ရသွားသည်။
ခြေ၊ လက်၊ နံရိုး ကျိုးသူများအပါအ၀င် ဒဏ်ရာပြင်းထန်သူ ၈ ဦး မဲဆောက်မြို့ဆေးရုံ ရောက်နေသည်။
 ဒဏ်ရာ မပြင်းထန်သူများ ဖုတ်ဖရမြို့ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။
မုန်ညင်းစိုက်ခင်းသို့အသွား အရပ်အခေါ် ၄၈ ကီလို နှင့် ၄၄ ကီလို ဒေသကြားတွင် မော်တော်ကား ဘရိတ်ပေါက်၍ လမ်းဘေး တောင်စောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမြန်မာနိုင်ငံသားမှာ ထွက်ပြေးတမ်းရှောင်နေကြောင်း၊ အလုပ်သမား ၄၀ ခန့် တင်ဆောင်လာသည့်ကား ဖြစ်ကြောင်း  သိရသည်။
၎င်းတို့သည်  တရားမ၀င် အလုပ်သမားများဖြစ်ပြီး နေ့စား ကျဘမ်း လုပ်ကိုင်သူများ ဖြစ်သည်ဟု လက်ကျိုးသွားသူ မြန်မာအလုပ်သမား ဦးမဲလုံးက ပြောသည်။
၎င်းက ”အလုပ်သမား လက်မှတ် တယောက်မှ မရှိကြဘူး။ နေ့စားသမားတွေ ဆိုတော့ သူဌေး (အလုပ်ရှင်)လည်း မရှိကြဘူး။ ဘယ်သူမှလည်း လာမကြည့်ကြဘူး” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ဖုတ်ဖရမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ငါးသောင်းကျော်  လုပ်ကိုင်လျက်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်   အဖွဲ့များက ပြောသည်။

map - Google 
ဖုတ်ဖရမြို့နယ်သည် မြ၀တီ၊ မဲဆောက် စသည့် မြို့များအနီးတွင် တည်ရှိသည်။
by-
ပြည်တော်မြင့် ~.irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...