ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook မှ သူငယ်ချင်းတွေအဖြစ် သိကျွမ်းခင်မင်ခဲ့ပြီးနောက် ကြာလာသည့်အခါ ရည်းစားအဆင့်တိုးပြီး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုပ်ကြတာကို ယောက်ျားလေးဘက်မှ မိဘများက မိန်းကလေးဟာ ၎င်းတို့အိမ် အကြိမ်ကြိမ်လာပြီး ၎င်းတို့၏သားအား စိတ်သောကရောက်အောင် ပြုနေကြောင်း ရဲတိုင်ခဲ့သည်ဟု သိရသည်။
၂၀၁၀ခုနှစ်တွင် facebook မှာ သူငယ်ချင်းဖြစ်ပြီး Dubai International City တွင်
သီးခြား နေထိုင်ကြသော အသက်(၂၄)နှစ်အရွယ် ပါကစ္စတန်ကျောင်းသူနှင့် အသက်(၂၄)နှစ်အရွယ် အိန္ဒိယအမျိုးသား ချစ်သူတို့ဟာ ၎င်းတို့နေထိုင်ရာအိမ်များတွင် လက်မထပ်လဲ အကြိမ်ကြိမ် ပွေ့ဖက်နမ်းရှုပ်ခဲ့သောကြောင့် ရဲက အမှုစွဲထားကြောင်း သိရသည်။
အမျိုးသမီးက သူမ၏ချစ်သူက သူမအား လက်ထပ်ဖို့ ကတိပေးထားသည့်နောက်ပိုင်း ၎င်းတို့ တွေ့ဆုံချိန်တိုင်း ယင်းကဲ့သို့ အကြိမ်ကြိမ်ပွေ့ဖက်နမ်းရှုပ်ပြီး ရံဖန်ရံခါ အတူအိပ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။
အမျိုးသားဘက်က ၎င်းတို့နှစ်ဟာ ချစ်သူတွေဖြစ်ပြီး ပွေ့ဖက်နမ်းရှုပ်ခဲ့ကြတာ မှန်ပေမယ့် သူဟာ သူ၏ရည်းစား ထိုအမျိုးသမီးအား လက်ထပ်ပါမည်ဟု တစ်ခါမှ ကတိမပေးခဲ့သည့်အပြင် သူမက သူမ၏အရင်ရည်းစားက သူမအား စော်ကားပြီး အတူအိပ်ခဲ့တာမို့ ၎င်းနှင့်လည်း အတူအိပ်ရန် ဆန္ဒရှိသည်ဟု ပြောလာပြီးနောက် သူမအား မဆက်သွယ်တော့ဘဲနေပေမယ့် သူမက သူ့အိမ်လာပြီး သူမအား လက်ထပ်ဖို့ ဖိအားပေးနေခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ဒါ့အပြင် သူဟာ ထိုအမျိုးသမီးနှင့် လုံးဝ မအိပ်ခဲ့ဖူးပါကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။
Source : Gulf News
No comments:
Post a Comment