့ (စနေနေ့ ) ထုတ် THE STRAITS TIMES သတင်းစာကို ဖတ်ကြည့်ရင်း နဲ့  စိတ်ဝင်စားစရာ သတင်းလေး တစ်ပုဒ်ကို တွေ့ ရလို့  လက်လှမ်းမီသလောက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ "Apple iPhone" ကို တရုပ်ဖြစ် ဖုန်းတစ်လုံးက တုပထားပြီး စိန်ခေါ်နေပါသတဲ့ ...
တရုပ်နိုင်ငံ Beijing မြို့ "798 Art District" မှာ "Xiaomi" ကုမဏီက ကျင်းပပြုလုပ်သော "Mi-Two" Smartphone Event မိတ်ဆက်ပွဲ စင်မြင့်ထက်မှာ Apple ကုမဏီ၏ CEO အဟောင်းဖြစ်တဲ့ သွားလေသူ "Steve Jobs" အကြောင်းကို ချီးမွမ်းပြောဆို နေသူကတော့ "Xiaomi" ကုမ္ပဏီကို ဦးဆောင်သူ "Mr.Lei Jun" ပဲဖြစ်ပါတယ်။
Mr.Lei ဟာ "Jobs" ရဲ့  ပုံစံဒီဇိုင်းအတိုင်း အနက်ရောင် ပိုလိုရှပ်၊ ဂျင်းဘောင်းဘီရှည် နဲ့  အနက်ရောင် Converse ဖိနပ်ကိုစီးပြီး စင်မြင့်ထက်မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် စကားပြောဟန်ပန် ကအစ "Steve Jobs" အတိုင်း လိုက်လုပ်နေတာကို ကြည့်ရင်း Apple Media Event တွေက "Steve Jobs" ရဲ့ 
လှုပ်ရှားမှုတွေကို ပြန်လည် သတိရစေပါတယ်။
"Steve ဟာ သူအသက်ရှင်နေစဉ် ကာလတုန်းကတော့ အတော်ဆုံးလူပါပဲ၊ သူ့ ကို ဘယ်သူမှ မကျော်နိုင်ခဲ့ပါဘူး၊ ဒီလိုပါပဲ Smartphone တွေထဲမှာလည်း iPhone ကို ကျော်လို့ မရခဲ့ပါဘူး" လို့  Mr.Lei က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
Mr.Lei ဦးဆောင်တဲ့ "Xiaomi" Smartphone ကုမဏီဟာ အချိန်တိုလေး အတွင်းမှာ တရုပ်နိုင်ငံရဲ့  အခြား Smartphone company တွေ အများကြီးကြားမှာ လျှင်လျှင်မြန်မြန် ကြီးထွား အောင်မြင်လာခဲ့ပါတယ်။ သုံးနှစ်လောက် အချိန်လေး အတွင်းမှာပဲ "Little Rice" လို့  အဓိပ္ပါယ်ရတဲ့ "Xiaomi" ဟာ တရုပ်ရဲ့  Smartphone market မှာ နေရာ အကြီးကြီး ရယူထားပါပြီ။
ယခု နောက်ထပ် အသစ်ထွက်လာမယ့် "Mi-Two" ကို (၁၉၉၉ ယွမ်) စင်ကာပူ (ဒေါ်လာ ၃၈၈) လောက်နဲ့  မကြာမီ ဈေးကွက်အတွင်းသို့  တင်ပို့ ပေးသွားမှာဖြစ်ပြီး ဒါဟာ တရုပ်မှာ ရောင်းနေတဲ့ iPhone 4S ရဲ့  ဈေးနှုန်း တစ်ဝက်ထက် ပိုပြီးသက်သာတယ်လို့  ပြောရပါမယ်။
မနှစ်က ရောင်းချခဲ့ရတဲ့ ပထမဖုန်းရဲ့  ရောင်းအားကို ကြည့်ပြီး ယခု ဒုတိယဖုန်းကို အလုံးပေါင်း (၇)သန်းခန့်  ရောင်းချနိုင်ပြီး ဝင်ငွေ ယွမ် (၁၀) ဘီလီယံခန့်  မျှော်မှန်းထားပါတယ်။
"Xiaomi" ရဲ့  ဈေးကွက် မဟာဗျုဟာကတော့ Apple စွဲလန်းမှုကို ကျောပိုးလိုက်စီးတဲ့ သဘောပဲ" လို့  Shanghai Jiaotong University က နည်းပညာနယ်ပယ် ကျွမ်းကျင်သူ Mr.Wei Wuhui က ဆိုပါတယ်။
သူကပဲ ဆက်ပြီး "အခုဆိုရင် တရုပ်ပြည်မှာ Apple ကို အရှုးအမူး ဖြစ်နေကြတော့ "Xiaomi" က Apple ရဲ့  လုပ်ဆောင်ချက်မျိုးနဲ့  ဈေးသက်သာတဲ့ ပုံစံတူ ပစ္စည်း ထုတ်လာတာပါပဲ" လို့ ပြောပါတယ်။
"Xiaomi" ရဲ့ ပရိဿတ်နဲ့  ဝေဖန်သူတွေ ကတော့ "Xiaomi Smartphone" ကို "Chinese iPhone" လို့  ညွှန်းနေကြပြီး Beijing မှာရှိတဲ့ "China Unicom Store" တွေနဲ့  အရောင်းကိုယ်စားလှယ်တွေ ကတော့ "The Little Brother of iPhone" လို့ တင်စားထားပြီး ဝယ်ယူသူတွေကလည်း ပျော်ပျော်ကြီး အားပေးနေကြပါတယ်။
Shanghai က တက္ကသိုလ်ကျောင်းသာ တစ်ဦးဖြစ်သူ Mr.Oliver Jin က Xiaomi ကို ဝယ်ဖို့  စိတ်ကူးထားပေမယ့် "Xiaomi က တစ်ကယ် အတုပါဗျာ" လို့  ထောက်ခံပြောဆိုပါတယ်။
တရုပ်နိုင်ငံတွင် Apple Store ကို ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး iPhone များကို ၂၀၀၉ ခုနှစ်မှာ စတင်ရောင်းချပေးခဲ့ပါတယ်။ Apple ရဲ့  ကနဦး ရည်ရွယ်ချက်ကတော့ Store (၂၅) ခုဖွင့်ရန် ရည်ရွယ်ခဲ့ပေမယ့် iPhone အတုတွေ၊ Apple Store အတုတွေ ပေါ်ပေါက်ခဲ့တာကြောင့် ပြည်မကြီးမှာ Apple Store (၆)ခုသာ လည်ပတ်နိုင်ခဲ့ပါတယ်။
ထိုကဲ့သို့  စိန်ခေါ်မှုများစွာ ရှိနေသည့် ကြားထဲကပင် Apple ဟာ အံ့သြစရာကောင်းလောက်အောင် ရှင်သန်ကြီးထွားလာခဲ့ပြီး US ပြီးရင် China ဟာ Apple ရဲ့ ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်လို့ လာပါတော့တယ်။ ဒီထက်မက ကြီးထွားလာနိုင်တဲ့ အခြေအနေ အခွင့်အရေးတွေကလည်း နောက်ထပ် အများကြီး ကျန်ရှိနေပါသေးတယ်။
"တရုပ်ရဲ့  Smartphone market ဟာ ယခုနှစ်မှာ ယခင်နှစ်ကထက် နှစ်ဆ ရှိလာနိုင်မယ်" လို့ နည်းပညာ သုတေသန ကုမ္ပဏီ တစ်ခုက ပြသသွားခဲ့ပါတယ်။
"Xiaomi" ဟာ Apple ကို စိန်ခေါ်နိုင်သူ အဖြစ်ရပ်တည်လာနိုင်ခဲ့တာ Mr.Lei ကိုယ်တိုင်ကြောင့်လဲ ဖြစ်ပါတယ်။
ကုဋေကြွယ်သူဌေး Mr.Lei ဟာ အင်ဂျင်နီယာ တစ်ဦးလည်း ဖြစ်လို့ နေပြန်ပါတယ်။ တရုပ်ပြည်မှာ လူသိအများဆုံး "Kingsoft" software company ကို လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲက တည်ထောင်ထားခဲ့ပြီး ယနေ့ အထိ ဥက္ကဌ (chairman) ဖြစ်နေဆဲပါ။ ဒါ့အပြင် တရုပ်နိုင်ငံရဲ့  အခြား စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်တဲ့ ရင်နှီးမြုတ်နှံသူ အဖြစ် ရပ်တည်နေပါတယ်။ "Joyo.com" လို့  အမည်ရတဲ့ Online မှ စာအုပ်များ၊ သီချင်းများ၊ ရုပ်ရှင်များကို ရောင်းချတဲ့ အကြီးမားဆုံး Online Store ကိုတည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Amazon ကို US$75 million နဲ့  ပြန်လည်ရောင်းချခဲ့တာလည်း Mr.Lei ပါပဲ...
သူဟာ ဖုန်းတွေကို ကလိရတာ စိတ်သန်ပြီး Motorola ရဲ့  ပထမဆုံးဖုန်းဖြစ်တဲ့ "Brick phone" ကစလို့  သူ့ ဆီမှာ ဖုန်းပေါင်း အလုံး ၆၀ ကျော်ရှိပါတယ်။ ယခုအခါ ကျဆုံးသွားပြီ ဖြစ်တဲ့ NOKIA ဖုန်းကို သူကိုင်ခဲ့စဉ် ၂၀၀၄ ခုနှစ်လောက်က NOKIA company တွင် အလုပ်လုပ်ကိုင်နေသော မိတ်ဆွေအား NOKIA နှင့် ပက်သက်ပြီး တိုးတက် ပြောင်းလဲစေရန် အကြံဥာဏ်ပေါင်း ၁၅၀၀ ကျော် ပေးခဲ့ပေမယ့် NOKIA က တစ်ခုမျှ အရေးမလုပ်ခဲ့ဘူးလို့  ပြောပြပါတယ်။
အခြား smartphone များနဲ့  "Xiaomi" ရဲ့  ကွားခြားမူကတော့ User တွေကို သူတို့ စိတ်ကြိုက် system ကို ပြင်နိုင်ခွင့်ရှိအောင် ဖွင့်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ အပါတ်စဉ် သောကြာနေ့  ညနေ ၅နာရီမှာ "Xiaomi" က သူ့ ကိုယ်ပိုင် Android အတွက် software update တွေကို အမြဲပေးနေပါတယ်။ "Xiaomi Forum" မှာ update ပေးပြီး နာရီပိုင်း အတွင်းမှာတင် user တွေရဲ့  အဆိုး အကောင်း အကြံပေးချက်၊ လိုအပ်ချက်တွေ ကို ချက်ချင်း သိရှိရပါတယ်။
"Apple က သူ့ ကိုယ်သူ သိပ်အထင်ကြီးလွန်းတယ်" "သူတို့ သဘောထားက ဘယ်သူ့ ရဲ့  တုံ့ ပြန်ချက် ကိုမှ အလိုမရှိဘူး" လို့  Mr.Lei က ပြောပါတယ်...
Mr.Lei က smartphone တွေဟာ computer တွေနေရာမှာ တစ်ဖြည်းဖြည်း အစားထိုးဝင်ရောက်လာနိုင်တဲ့ အလားအလာရှိတယ်လို့  ဆင်ခြင်မိပြီး သူရဲ့  အတွေ့ အကြုံနဲ့  ပေါင်းစပ်ကာ "Xiaomi" ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ "Xiaomi" ဟာ တရုပ်ပြည်မကြီးမှာ အလွန်အောင်မြင်လျှက်ရှိပြီး ရင်းနှီးမြုတ်နှံသူများထဲမှာ Temasek, a Singapore Goverment - owned investment vehicle and the Chinese venture capital funds IDG Capital and Qiming Venture Partners တို့  ပါဝင်ပါတယ်။
ယခု နှစ်ကုန်ပိုင်းလောက်မှာ Hong Kong, Taiwan နဲ့  Singapore တို့ ကို ခြေဆန့် မှာ ဖြစ်ပြီး သူတို့ ရဲ့  ရည်မှန်းချက်ဟာ ဒီလောက်နဲ့  ရပ်တန့် နေမှာ မဟုတ်ပါဘူး။
Mr.Lei ကတော့ "တစ်လှမ်းခြင်း ရှေ့ ဆက်မယ်" လို့  ပြောသွားပါတယ်...
"iPhone 5" VS "Mi-Two"
No comments:
Post a Comment