ဧဒင်အချစ်ပုံပြင်: မန္တလေး - ပြင်ဦးလွင်လမ်း ယာဉ်တိမ်းမှောက်မှုဖြစ်
မန္တလေး - ပြင်ဦးလွင်လမ်း ယာဉ်တိမ်းမှောက်မှုဖြစ်
၂၇-၁၁-၂၀၁၂
ရက်နေ့ ၁၉၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း
လေယာဉ် ကွင်းအနီး မန္တလေး - ပြင်ဦးလွင်ကားလမ်းတွင် မန္တလေးဘက်မှ နန်းဝင်းဌေး
(၃၂)နှစ် မောင်းနှင်လာသည့် ၈ဂ/xxxx ဂျစ်ယာဉ်သည် အရှိန်လွန်၍ လမ်းယာဘက်သို့
တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အောင်မြင့်စိန်(၄၅)နှစ်၊ သန်းခိုင်
(၄၃)နှစ်တို့ (၂)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကျော်စို
းအောင် (၂၃)နှစ်ပါ (၆)ဦးတို့တွင် ၀ဲ/ယာ ချိုစောင်း၊ ၀ဲမျက်ခုံး၊
နှာခေါင်း၊ လည်ပင်းနှင့် ခြေသလုံးတို့တွင် ပွန်းပဲ့သွေးထွက်ဒဏ်ရာများ
(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ပြင်ဦးလွင်ဆေးရုံသို့တင်ပို့ကုသခဲ့ပြီး
ယာဉ်မောင်း နန်းဝင်းဌေးအား ၂၀၃၀ အချိန် ပြင်စာရဲစခန်း (ပ)၁၆၆/၁၂၊
ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment