ဧဒင်အချစ်ပုံပြင်: တောင်ကို ရီးယားတွင် မြေအောက် ရထား နှစ်စင်း တိုက်မိ ခရီးသည် ၄ဝ ကျော် ဒဏ်ရာ ရရှိ

Friday 23 November 2012

တောင်ကို ရီးယားတွင် မြေအောက် ရထား နှစ်စင်း တိုက်မိ ခရီးသည် ၄ဝ ကျော် ဒဏ်ရာ ရရှိ

တောင်ကို ရီးယားတွင် မြေအောက် ရထား နှစ်စင်း တိုက်မိ ခရီးသည် ၄ဝ ကျော် ဒဏ်ရာ ရရှိ

တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း ဘူဆန်မြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် မြေအောက် ရထား နှစ်စင်း တိုက်မှု ဖြစ် ပွားခဲ့ရာ ခရီးသည် ၄ဝ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး အချို့မှာ စိုးရိမ် ရသော အခြေ အနေတွင် ရှိကြောင်း ရုပ်သံ အစီ အစဉ် တစ်ခု၏ ထုတ်ဖော် ပြောကြားချက် အရ သိရ သည်။

နံနက်ပိုင်း ရုံးသွားသည့် ခရီးသည် များကို တင်ဆောင် ထားသည့် ရထား တစ်စင်းသည် အင်ဂျင်ချွတ်ယွင်း မှုကြောင့် လိုဏ်ခေါင်း တစ်ခုတွင် ရပ်တန့် သွားခဲ့သည်။ နောက်မှ လာသော ရထားသည် ဘူတာရုံ တစ်ခု၌ ရပ်၍ ခရီးသည် များကို ဆင်းသက်စေပြီး လမ်းချော် နေသော ရထားကို ကူညီရန် သွားခဲ့ သော်လည်း အရှိန်ကြောင့် ရပ်ထားသည့် ရထားအား နောက်မှ ဝင်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရှိန်ကြောင့် ရပ်တန့် နေသော ရထားပေါ်မှ ခရီးသည် အချို့ လွင့်စင်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့မှာ နံရိုးများ ကျိုးကြေ သွားခဲ့ သည်အထိ ဒဏ်ရာ ပြင်း ထန်ကြောင်း တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။
မြ၀တီ

တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း ဘူဆန်မြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် မြေအောက် ရထားနှစ်စင်း တိုက်မှု
ဖြစ် ပွားခဲ့ရာ ခရီးသည် ၄ဝ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး အချို့မှာစိုးရိမ် ရသောအခြေ အနေတွင် ရှိကြောင်းရုပ်သံ
အစီ အစဉ် တစ်ခု၏ ထုတ်ဖော် ပြောကြားချက် အရ သိရ သည်။ နံနက်ပိုင်း ရုံးသွားသည့် ခရီးသည် များကို တင်ဆောင် ထားသည့် ရထား တစ်စင်းသည် အင်ဂျင်ချွတ်ယွင်း မှုကြောင့် လိုဏ်ခေါင်း တစ်ခုတွင် ရပ်တန့် သွားခဲ့သည်။ နောက်မှ လာသော ရထားသည် ဘူတာရုံ တစ်ခု၌ ရပ်၍ ခရီးသည် များကို ဆင်းသက်စေပြီး လမ်းချော် နေသော ရထားကို ကူညီရန် သွားခဲ့ သော်လည်း အရှိန်ကြောင့် ရပ်ထားသည့် ရထားအား နောက်မှ ဝင်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရှိန်ကြောင့် ရပ်တန့် နေသော ရထားပေါ်မှ ခရီးသည် အချို့ လွင့်စင်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့မှာ နံရိုးများ ကျိုးကြေ သွားခဲ့ သည်အထိ ဒဏ်ရာ ပြင်း ထန်ကြောင်း တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...