ဧဒင်အချစ်ပုံပြင်: “ပျဉ်မနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်”

Tuesday, 6 November 2012

“ပျဉ်မနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်”

  
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့လည်ပိုင်းမှ စတင်၍ အစာအဆိပ်သင့်ကာ အထက်လန်အောက်လျှော ဝေဒနာခံစားခဲ့ရကြောင်း သတင်းရရှိသည်။ ရွာသားငါးဆယ်အနက်မှ ရွာသား၃၀ခန့်မှာ ပျဉ်းမနားမြို့နယ်ဆေးရုံတွင် ဆေးကုသခံယူနေပြီး ကျန်ရွာသားများမှာမူ ပျဉ်းမနားဆေးရုံမှ ဆေးရုံအုပ်ကြီးကိုယ်တိုင် ကျေးရွာသို့လာရောက် ကုသမှုပေးနေသည်ကြောင့် ကျေးရွာ၌ပင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ကျေးရွားတွင်းမှ ရွားသားများတပြိုင်နက် အစာအဆိပ်သင့်ခြင်းမှာ ယင်းကျေးရွာတွင် ကျင်းပသော မင်္ဂလာဆောင်တစ်ခုမှ ကျွေးမွေးသည့် အစားအသောက်များကြောင့် ဖြစ်သည်ဟု သက်ဆိုင်ရာက ကနဦး ကောက်ချက်ချထားသည်ဟု ရွာသားတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ “မနက်ပိုင်းမှာ မင်္ဂလာဆောင်ကျင်းပတယ်။ နန်းပြားသုပ်ကျွေးတယ်။ နေ့လည်လောက်ရောက်တော့ သတို့သား၊ သတို့သမီးတွေကအစ စားခဲ့တဲ့ရွာသားတွေအဆုံး အထက်လန်အောက်လျှောတွေ ဖြစ်ကြတယ်။ အခင်းဖြစ်ရာနေရာကို နေပြည်တော်ကောင်စီ ပျဉ်းမနားတာဝန်ခံ ဗိုလ်မှုးကြီးမြင့်အောင်သန်း လာရောက်ခဲ့တယ်။” ဟု အထက်ပါ ရွာသားကပြောသည်။

စွမ်းရဲထွဋ်
@Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...