နိုဝင်ဘာ ၂၂ ရက် နေ့ခင်းက
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ လက်နက်ခဲယမ်းတွေနဲ့ ငွေတွေကို
ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့သတင်းမှာ
ပါရှိပါတယ်။
တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး
ကားလမ်းရှိ ကျိုင်းတုံမြို့အ၀င် နောင်နွန်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်ကနေ
ကျိုင်းတုံကို မောင်းနှင်လာတဲ့ လိုက်ထရပ်အနီရောင် ကား ၁ စီးကို စစ်ဆေးရာမှာ
ယာဉ်ရှေ့ထိုင်ခုံအောက်နဲ့ နောက်ခန်းအတွင်းကနေ တွေ့ရှိတာလို့ ဆိုပါတယ်။
တွေ့ရှိတာတွေကတော့
အမျိုးအစားစိစစ်ဆဲ သေနတ် ၆ လက်။ အမ်-၇၉ ၂ လက်။
ဝင်ချက်စတာ ပြောင်းချော ၆
လက်။ ၉ မမပစ္စတို ၄ လက်နဲ့ ကျည် ၁ဝဝဝ တောင့် ကျည်အိမ် ၈ ခု။ ၇.၆၂ ကျည် ၂၃၃
တောင့်။ ပွိုင့် ၂၂ ကျည် ၅ဝဝ တောင့်။ အသံတိတ် ကိရိယာ ၂ ခု။ လက်နက်ဖြုတ်/တပ်
ကိရိယာ ၅ ခု။ ကျည်ထည့်ကိရိယာ ၄ ခု။ ကော်ဆိုဒ် ၂ ခု။
စနိုက်ပါသေနတ်ထည့်သားရေအိတ် ၄ ခု။ ငွေစက္ကူကျပ် ၄၃၈၅ဝဝိ/-။
မြန်မာလက်ကိုင်ဖုန်း ၁ လုံး။ ထိုင်းလက်ကိုင်ဖုန်း ၁ လုံးတို့ ဖြစ်တယ်လို့
ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ
ဒီလက်နက်ခဲယမ်းတွေကို အခကြေးငွေရယူပြီး သယ်ဆောင်လာတယ် ဆိုတာ
ပေါ်ပေါက်တဲ့အတွက် ပတ်သက်သူ ၅ ဦးကို ကျိုင်းတုံရဲစခန်းမှာ
အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
by- dvb
No comments:
Post a Comment