၂၆-၁၂-၂၀၁၂ ရက်နေ့ ၂၂၀၅အချိန်
မြန်မာ့မီးရထားမှ စက်ခေါင်းမောင်း ဦးထွန်းထွန်းဝင်း၊ မီးထိုး
ဦးပြည်ကျော်ဇင်အောင်၊ ဂတ်ဗိုလ် ဦးပြုံးချိုတို့မောင်းနှင်လာသည့်
မိုင်းရှင်းရထားသည် ကချင် ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ကာဒူဘူတာမှ
မိုးညှင်းဘူတာသို့ မောင်းနှင်လာစဉ် မိုးညှင်းဘူတာနှင့် ၁ မိုင် ခန့်အကွာ
ကာဒူဘူတာနှင့် မိုးညှင်းဘူတာအကြား မိုင်တိုင်အမှတ်(၆၃၂/၁၈-၁၉)ကြားအရောက်တွင်
ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့်မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။
မိုင်းပေါက်ကွဲမှု ကြောင့် သံလမ်း ၃ ပေခန့် ပြတ်တောက်ပြီး
ကွန်ကရစ်ဇလီဖားတုံး
၂ တုံးနှင့်သစ်သားဇလီဖားတုံး ၃ တုံး ပျက်စီးခဲ့သည်။
ထို့ပြင် မိုင်းရှင်းရထားစက်ခေါင်း ရှေ့လေကာမှန်ကွဲအက်ပြီး
လူထိခိုက်ဒဏ်ရာရရှိမှု မရှိသဖြင့် ရထားသည်ဆက်လက်မောင်းနှင်ရာ
မိုင်တိုင်အမှတ်(၆၃၃/
၁၁-၁၂)ကြားအရောက်
ပက်လက်တွဲ၏ အနောက်ဘက်ဘီးစုမှ ရှေ့ဘီး(၂)ဘီး တွဲချော်ကျခဲ့သည်။
ချော်ကျသည့်ဘီးများအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများကပြုပြင်ခဲ့ရာ ၂၃၃၀
အချိန်ပြီးစီးခဲ့ကြောင်းနှင့် ပျက်စီးသွားသည့် နေရာအား သွားရောက်ပြုပြင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်
No comments:
Post a Comment