ဧဒင်အချစ်ပုံပြင်: တာချီလိတ်မြို့ လောင်းကစားဒိုင်များ နှိမ်နင်းပေးပါ

Monday 3 December 2012

တာချီလိတ်မြို့ လောင်းကစားဒိုင်များ နှိမ်နင်းပေးပါ

သမ္မတက ဆင်းရဲသားပပျောက်ရေးနဲ့ လောင်းကစားပပျောက်ရေးလို့ ထုတ်ပြန်ထားပေမယ့်လည်း ကျနော်တို့ တာချီလိတ်မှာ လေးကောင်းဂျင်ဝိုင်း၊ ဘောလုံးခုံ၊ သုံးလုံးထီ လောင်းကစားတွေ ပိုပြီး ကြီးထွားနေပါတယ်။
တာချီလိတ်ကို လူကြီးတခေါက်လာလျှင် လောင်းကစားဝိုင်းတွေ ပပျောက်မသွားဘဲ ပိုပြီး တိုးလာပါတယ်။ လောင်းကစား စတင်သူတွေမှာလည်း ရှေ့မှာ ဈေးရောင်ပြ၊ ဆိုင်ကယ်ပြင်ဆိုင်ပြ၊ ကုန်စုံဆိုင်တွေ ဟန်ပြထားပြီး နောက်မှာ လောင်းကစားတွေ လုပ်နေကြတယ်။
ကျနော်လည်း တာချီလိတ်မှာ လာပြီးလုပ်ကိုင်စားသောက်တဲ့ ဆင်းရဲသားတဦးပါ။ တာချီလိတ်မှာလာပြီး
လုပ်ကိုင်စားသောက်တဲ့သူတွေ အများစုဟာ တနေ့တာ အလုပ်လုပ်ပြီး ညနေပြန်လာတဲ့အချိန် လမ်းတ၀က်မှာပဲ လောင်းကစား လုပ်ပစ်လိုက်ကြတာ များပါတယ်။ တနေ့တနေ့ တွေ့နေရတဲ့ အဖြစ်ကလေးတွေကို မကြည့်ရက်လို့ တာချီလိတ်မြို့က လောင်းကစားဒိုင်တွေ ပပျောက်အောင် နှိမ်နင်းပေးဖို့ တာဝန်ရှိသူတွေကို ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...