'အခုဖြစ်စဉ်မှာ တာဝန်ရှိသူတွေအနေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့ လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့ပါ
တယ်' ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က AirBagn လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W 9-011 လေယာဉ် XY - AGC လေယာဉ်အမျိုးအစား F-100 သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့်နှစ်မိုင်ခန့်အကွာအရှေ့အနောက်ကန့်လန့်ဖြတ်သွယ်တန်းထားသော ကလော-အောင်သပြေ (၆၆) ကေဗွီ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း တိုက်မိပြီး သစ်ပင်များနှင့် ထပ်မံတိုက်မိခဲ့သည်။
ယင်းနောက် လေယာဉ်တောင်ပံနှစ်ဖက်ကျိုးက
တိုက်ဖြစ်သွားကာ မီးလောင်သွားသော ဖြစ်စဉ်တွင် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့်
၏ မိသားစုဝင်တစ်ဦးဖြစ်သူနှင်
မေး။ ။မိသားစုမှာ မွေးချင်းဘယ်နှဦးရှိပါသလဲ၊
လဲ။
ဖြေ။ ။ ကျွန်တော်တို့ မိသားစုမှာ မောင်နှမသုံးယောက်ရှိပါတယ်။
ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
မေး။ ။ လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်ကို မိသားစုက ဘယ်လို သိရပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့အိမ်ကို အဲဒီနေ့ နံနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရပ်ကွက်ထဲက အသိတစ်ယောက် လာပြောတာကနေစပြီး သိခဲ့ရတာပါ။ ဒါနဲ့ ဟဲဟိုးလေဆိပ်ကို ဆက်သွယ်မေးမြန်းပြီး ကျွန်တော်ရယ်၊ အမေ
ရယ်၊ အစ်မနဲ့ လေဆိပ်ကို လိုက်သွားခဲ့ပါတယ်။ဟိုရောက်
တယ်၊ ဘယ်သူတွေပါလာတယ်ဆိုတာ အချိန်အတော်ကြာမှ သိခဲ့ရပါတယ်။
မေး။ ။ အစ်မဖြစ်သူ သေဆုံးခဲ့တယ်ဆိုတာ ဘယ်အချိန်လောက်မှ သိရလဲ။
ဖြေ။ ။ ကျွန်တော်တို့ မိသားစု လေဆိပ်အရောက်မှာ တစ်ယောက် သေဆုံးတယ်လို့ သိရတယ်။ အဲဒီ ရုပ်အ
လောင်းကို ဟဲဟိုးဆေးရုံမှာ ခွဲစိတ်တဲ့အခါမှာ၁၁ နှစ်အရွယ်အမျိုးသားဖြစ်တယ်လို့အစမှာသိလိုက်ရတယ်။
ဒါနဲ့ကျွန်တော်တို့က လေယာဉ်ပေါ်မှာစုစုပေါင်းလူဦးရေ ၇၁ ဦးပါလာတယ်၊အဲဒီအထဲမှာကလေးတစ်ယောက်
မှ မပါဘူး၊ တစ်ဦး ပျောက်နေတယ်၊ ပျောက်နေတဲ့သူက ကျွန်တော့်အစ်မ ဖြစ်နေတယ်ဆိုတော့ သက်ဆိုင်
ရာ တာဝန်ရှိသူတွေကို ထပ်ပြောတဲ့အခါ သေဆုံးတဲ့ ရုပ်အလောင်းကို တောင်ကြီးဆေးရုံမှာ ပြန်ပြီးခွဲစိတ်ခဲ့
ပါတယ်၊ အဲဒီမှာ သေဆုံးသူက အမျိုးသမီးဖြစ်နေတယ်လို့ ပြန်ပြီးအတည်ပြုခဲ့ပါတယ်။ ကျွန်တော့်အစ်မ သေ
ဆုံးသွားတယ်ဆိုတာကိုတော့ ညနေ ၅ နာရီကျော်မှပဲ အဖြေရခဲ့ပါတယ်။
မေး။ ။လေယာဉ်ပျက်ကျသွားတဲ့ ဖြစ်စဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ
နဲ့ ဆောင်ရွက်မှုအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ သူတို့တွေအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေရှိခဲ့တယ်
ဆိုတာကိုတော့ မြင်ခဲ့ရပါတယ်။
လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားသူ၏ ကိုယ်ရေးအကျဉ်း
အမည်။ မနွယ်လင်းရှိန်
အသက်။ ၃၄ နှစ်
အဘအမည်။ ဦးထွန်းရှိန်
အလုပ်အကိုင်။ စပိန်၊ ဥရောပ ဧည့်လမ်းညွှန်
အလုပ်သက်တမ်း။ ၁၀ နှစ်ဝန်းကျင်
ပညာအရည်အချင်း။ B.A English
နေရပ်လိပ်စာ။ မြို့လယ်လမ်း၊ ဈေးတန်းရပ်ကွက်၊ ရပ်စောက်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။
Credit: Weekly Eleven
No comments:
Post a Comment