အမေရိကန် သမ္မတအိုဘား မား မိန့်ခွန်းပြောကြားခဲ့သော ရန် ကုန်တက္ကသိုလ်အား စိတ်ဝင်တ စားကြည့်ရှုလိုသည့် ပြည်ပခရီး သွားများသည် ယခုလဆန်းပိုင်းမှ စ၍ ပိုမိုများပြားလာကြောင်း သိရ သည်။
“ရန်ကုန်တက္ကသိုလ်ထဲရော ဒေါ်အောင်ဆန်းစုကြည်နေအိမ် ရော ဝင်ခွင့်မရှိပါဘူး။ အပြင်ပန်း ကတော့ ကြည့်ရှုလို့ရတယ်။ ဓာတ် ပုံရိုက်လို့ရတယ်။ ရန်ကုန်တက္က သိုလ်ထဲကိုဂုဏ်ထူးတန်း တက်နေ တဲ့ သူမဟုတ်ရင် ဝင်လို့မရဘူး”ဟု Seven Star Tours ခရီးသွားလုပ် ငန်းမှ Reservation Manager တစ်ဦးဖြစ်သူ ကိုဘုန်းဇော်က ပြော သည်။
ခရီးသွားလုပ်ငန်း၏ သဘော သဘာဝမှာ ခရီးသွားဧည့်သည် များ စိတ်ဝင်စားသည့် နေရာများ အားဖွင့်ပေးမှမဟုတ်ဘဲအရောက် အပေါက်များလျှင်လည်း ခရီးစဉ် ဖြစ်သွားလေ့ရှိကြောင်း၊ ရန်ကုန် တက္ကသိုလ်ကို တရားဝင်သွားလာ ခွင့်ပြုမထားဘဲ တက္ကသိုလ် အ တွင်းသို့ သွားရောက်ကြည့်ရှုလို သူများအပြင် ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်အတွင်းသို့လည်း ဝင်ရောက်ကြည့်ရှုလိုသူ များပြား နေကြောင်း မြန်မာ့ခရီးသွားလုပ် ငန်း ဈေးကွက်မြှင့်တင်ရေးကော်မ တီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြော သည်။
“ဝန်ကြီးဌာနကို Package Tour တွေ သွားချင်တဲ့ လမ်း ကြောင်းအရင်ဆုံးစာတင်ရတယ်။ ခွင့်ပြုမိန့်ကျရင် သွားခွင့်ရှိပါ တယ်။ ရန်ကုန် တက္ကသိုလ်ထဲကို တော့ သွားချင်ရင် အရင်ဆုံး စာ တင်ရမှာပါ။ ဝန်ကြီးဌာနအနေနဲ့ ကလည်း စဉ်းစားပေးမှာပါ” ဟု ဟိုတယ်နှင့် ခရီး သွားလာရေး လုပ် ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်အတွင်း နေ့စဉ် တာဝန်ယူနေသူတစ်ဦးက “ခြံရှေ့ ကို လာကြတယ်။ နေ့တိုင်းလိုလို ကားတွေနဲ့ လာကြတယ်။ ဓာတ် ပုံတွေ ရိုက်ကြတယ်။ တံခါးပိတ် ထားတော့ အပြင်ကပဲ ခြံနားကပ် ပြီး ဓာတ်ပုံရိုက်ကြတာ” ဟု ပြော သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှု မစတင်မီ အချိန်များက ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ်ရှေ့တွင် ဓာတ်ပုံရိုက်ရန် မဆို နှင့် လမ်းရှေ့ကပင် ဖြတ်သန်း၍ မရပေ။ ပြုပြင်ပြောင်းလဲရေးလမ်း ကြောင်းသို့ စတင်လျှောက်လှမ်း ချိန်မှစ၍ ခရီးသွားလုပ်ငန်းမှာ ပိုမိုလမ်းပွင့်လာပြီး ရန်ကုန်တက္က သိုလ်မှာလည်း လာမည့် ၂ နှစ်ခန့် အတွင်း ဝင်ရောက်ကြည့်ရှုခွင့် ရ နိုင်လိမ့်မည်ဟု All Asia Exclusiveခရီးသွားလုပ်ငန်း၏ မန်နေ ဂျင်း ဒါရိုက်တာလည်းဖြစ်သူ ဦး ဖြိုးဝေရာဇာက သုံးသပ်ပြောကြား သည်။
By 7Day News ခိုင်ချို
No comments:
Post a Comment