၂၆-၁၂-၂၀၁၂ရက်နေ့ ၁၂၀၀အချိန် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်ဗွီဒီယိုအခြေခံ အဖွဲ့ဥက္ကဋ္ဌတို့ပါဝင်သောပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်၊
အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ (၃၄)လမ်း၊ ၈၃x၈၄ လမ်းကြားရှိ
အာကာစိုး(၁၉)နှစ် ၏ ““အာကာစိုး””ခွေအရောင်းဆိုင်အား
ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ဆင်ဆာမဲ့ ဗွီစီဒီ/
ဒီဗွီဒီသီချင်းခွေ(၆၀၀၀)ချပ်၊ နိုင်ငံခြားခွေ(၁၈၀၀)ချပ်၊
ညစ်ညမ်းခွေ(၃၀၀၀)ချပ်တို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ၁၄၂၀ အချိန်
အာကာစိုးအား အမှတ်(၈)ရဲစခန်း (ပ)၇၄၂/၂၀၁၂၊ ရုပ်မြင်သံကြားနှင့်ဗွီဒီယို
အက်ဥပဒေပုဒ်မ ၃၂(ခ)နှင့် (ပ)၇၄၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၂၉၂ တို့ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်
No comments:
Post a Comment