ဧဒင်အချစ်ပုံပြင်: ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့အတွက် ထီးမွေနန်းမွေ ဆက်ခံမည့် ပထမဆုံးရင်သွေး

Monday 3 December 2012

ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့အတွက် ထီးမွေနန်းမွေ ဆက်ခံမည့် ပထမဆုံးရင်သွေး


ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့အတွက် ထီးမွေနန်းမွေ ဆက်ခံမည့် ပထမဆုံးရင်သွေးကို ရရှိတော့မည်ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ယနေ့ (ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်၏ ဝတ်စားဆင်ယင်မှု ဖက်ရှင်ကိုကြည့်၍ ကိုယ်ဝန်လွယ်ထားရဖွယ်ရှိသည်ဟု ခန့်မှန်းသတင်းများ ပေါ်ထွက်ခဲ့သေးသည်။ ယခုအခါတွင်မူ ကိတ်မစ်ဒယ်လ်တန် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သတင်းကို နန်းတော်ကလည်း အတည်ပြုလိုက်ပြီ ဖြစ်သည်။


williams couple

မင်းသားဝီလျံနှင့် ကိတ်တို့၏ ရင်သွေးငယ်မှာ ၎င်းတို့နှစ်ဦး၏ မိဘများအတွက် မြေးဦးလည်း ဖြစ်လာမည်။ အသက် ၃၀ နှစ်အရွယ် ကိတ်သည် King Edward VII ဆေးရုံတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် နန်းတော်က သူမတွင် ကိုယ်ဝန်ရှိနေပြီဟု တရားဝင် ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။ ကိတ်၏ ကိုယ်ဝန်မှာ အလွန်နုသေးသည့် အဆင့်တွင်သာ ရှိနေသေးပြီး ဆေးရုံတွင် ရက်အနည်းငယ်ကြာ နေထိုင်လိမ့်မည်ဟု ဘက်ကင်ဟမ်နန်းတော်က ဆက်လက် ပြောကြားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...