ထိုသို့ဖမ်းဆီးစဉ် ဆိုင်ကယ်စီးသူမှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ဖမ်းဆီးရေးအဖွဲ့မှ ပြန်လည် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။ စစ်ဆေးဖော်ထုတ်ချက်အရ
၎င်းအမျိုးသားမှာ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ကျေးရွာနေ ဝင်းသူ ဆိုသူဖြစ်ပြီး စိတ်ကြွဆေးပြားများ ရောင်းချသူဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အခင်းဖြစ်ပွားသည့်နေရာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူသုံးစွဲနေသည်ဟု ယူဆရသော လှမျိုးပါ ၁၆ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးခဲ့ရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၃၄၈)ပြားR စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၃၅)ပြား၊ R စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃)ပြား၊ စုစုပေါင်း ဆေးပြား (၃၈၆)ပြား၊ အလေးချိန် (၃၈.၆)ဂရမ်၊ တန်ဖိုးငွေကျပ်(၁၉၃ဝဝဝဝိ/-)၊ နံပါတ်မပါသော စမစ်အင်(န်)ဝယ်(လ်)ဆင် .၃၈ ဘို့ စပါယ်ရှယ် ခြောက်လုံးပြူး(၁)လက်၊ သုံးမရသော ၎င်းကျည်(၂)တောင့်၊ ပြုပြင်ထားသည့်ကျည်(၅)တောင့်၊ တောပုန်းသေနတ် အကောင်း(၁)လက်၊ ပြောင်းမပါသည့် တောပုန်းသေနတ်အကျိုး(၁)လက်၊ ဆိုင်ကယ်(၁၂)စီးနှင့် ငွေစက္ကူရောရာ(၁၆၂၂ဝဝိ/-)တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကမာဝက်ရဲစခန်း မယ(ပ) ၃/၂ဝ၁၂၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂ဝ(က)/၂၁/၂၂(ခ) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
by- myanmarpoliceforce
No comments:
Post a Comment