ဧဒင်အချစ်ပုံပြင်: ဒန့်သလွန် ပင်မှ မြွေနဂါး သဏာန် အသီးဖြစ်ပေါ်

Monday, 31 December 2012

ဒန့်သလွန် ပင်မှ မြွေနဂါး သဏာန် အသီးဖြစ်ပေါ်

ဒန့်သလွန် ပင်မှ မြွေနဂါး သဏာန် အသီးဖြစ်ပေါ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အမှတ်(၉/၆) ပဋ္ဌာန်း ဓမ္မာရုံရှေ့ (၉)လမ်းရှိ ဦးညွန့်ဝင်း-ဒေါ်ဝေဝေတို့၏ နေအိမ်ဝင်း အတွင်း စိုက်ပျိုးထားသော ဒန့်သလွန် ပင်မှ ထူးဆန်းစွာ မြွေနဂါး သဏ္ဌာန် ဒန့်သလွန်သီး သီးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ဒန့်သလွန် သီးအား ခူးဆွတ်၍ ရွှေချထားကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသော ဒန့်သလွန် သီးကို တွေ့ရှိပုံမှာ ဟင်းချက်စားရန် ဒန့်သလွန် သီးများ ခူးရာမှ တွေ့မြင်ရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ မြွေနဂါး သဏ္ဌာန် ဒန့်သလွန် သီးအား အနီး အနားမှ သတင်းကြား၍ လာရောက် ကြည့်ရှုသူ များနှင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။ 

''အခုလို ထူးဆန်းတဲ့ ဒန့်သလွန်သီး တောင့်က မြွေနဂါး ပုံသဏ္ဌာန် ဖြစ်နေတာ အလွန်အံ့သြ စရာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ မိသားစုက မြတ်မြတ်နိုးနိုး တန်ဖိုးထားတဲ့ အနေနဲ့ ရွှေချပြီး ဘုရားမှာ လှူထားတာပါ'' ဟု ဦးညွန့်ဝင်း က ပြောကြား ကြောင်းသိရသည်။

http://www.myawady.com.mm/allnews/localnews/item/3205-2012-12-31-11-48-54
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အမှတ်(၉/၆) ပဋ္ဌာန်း ဓမ္မာရုံရှေ့ (၉)လမ်းရှိ ဦးညွန့်ဝင်း-ဒေါ်ဝေဝေတို့၏ နေအိမ်ဝင်း အတွင်း စိုက်ပျိုးထားသော ဒန့်သလွန်ပင်မှ ထူးဆန်းစွာ မြွေနဂါး သဏ္ဌာန် ဒန့်သလွန်သီး သီးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ဒန့်သလွန် သီးအား ခူးဆွတ်၍ ရွှေချထားကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသော ဒန့်သလွန်သီးကို တွေ့ရှိပုံမှာ ဟင်းချက်စားရန် ဒန့်သလွန်သီးများ ခူးရာမှ တွေ့မြင် ရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ မြွေနဂါးသဏ္ဌာန် ဒန့်သလွန်သီးအား အနီးအနားမှ သတင်း ကြား၍ လာရောက် ကြည့်ရှုသူ များနှင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။

''အခုလို ထူးဆန်းတဲ့ဒန့်သလွန်သီး တောင့်က မြွေနဂါးပုံသဏ္ဌာန် ဖြစ်နေတာ အလွန်အံ့သြစရာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ မိသားစုက မြတ်မြတ်နိုးနိုး တန်ဖိုးထားတဲ့ အနေနဲ့ ရွှေချပြီး ဘုရားမှာ လှူထား တာပါ'' ဟု ဦးညွန့်ဝင်း က ပြောကြား ကြောင်းသိရသည်။
from..မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...