ဧဒင်အချစ်ပုံပြင်: ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက်

Tuesday, 25 December 2012

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက်


Photo: ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက်
နေပြည်တော်၊ ဒီဇင်ဘာ ၂၅
 ၂၅.၁၂.၂၀၁၂ ရက်နေ့ ၀၉၅၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၆၈/၅ နှင့် ၁၆၈/၆ အကြား ကန်ဘဲ့တံတား၌ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်အခင်းဖြစ်နေရာ သို့ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှ ရန်ကုန်သို့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်နေ ခင်မောင်ထွန်း(၄၀)နှစ် မောင်းနှင်သည့် ၂ဃ/xxxx မစ်ဇူဘီရှိပါဂျဲရိုး(အဖြူရောင်)ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ တံတားအုတ်ခုံအား ၀င်တိုက်ပြီး အောက်သို့ပြုတ်ကျခဲ့သည်။
 ယာဉ်တိမ်းမှောက်မှုကြောင့် ခင်မောင်ထွန်းမှာ ၀ဲဂျိုစောင်းပွန်းပဲ့ဒဏ်ရာများရရှိပြီး ယာဉ်ပေါ် ပါလာသူ ဒဂုံမြို့နယ်နေ ကိုသာဂေါ(ခ)အိုက်ထွေး(၃၂)နှစ်မှာ ၀ဲနံရိုး(၃)ချောင်းကျိုး၊ ၀ဲမျက်ခုံးပွန်းပဲ့ ဒဏ်ရာ၊ ၀ဲနားထင်ပွန်းဒဏ်ရာ၊ ၀ဲလက်ဖျံပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ၄င်းတို့အား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ခင်မောင်ထွန်းအား သာဂရအမြန်လမ်းရဲစခန်း(ပ)၂၀/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။၂၅.၁၂.၂၀၁၂ ရက်နေ့ ၀၉၅၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၆၈/၅ နှင့် ၁၆၈/၆ အကြား ကန်ဘဲ့တံတား၌ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်အခင်းဖြစ်နေရာ သို့ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှ ရန်ကုန်သို့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်နေ ခင်မောင်ထွန်း(၄၀)နှစ် မောင်းနှင်သည့် ၂ဃ/xxxx မစ်ဇူဘီရှိပါဂျဲရိုး(အဖြူရောင်)ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ တံတားအုတ်ခုံအား ၀င်တိုက်ပြီး အောက်သို့ပြုတ်ကျခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခင်မောင်ထွန်းမှာ ၀ဲဂျိုစောင်းပွန်းပဲ့ဒဏ်ရာများရရှိပြီး ယာဉ်ပေါ် ပါလာသူ ဒဂုံမြို့နယ်နေ ကိုသာဂေါ(ခ)အိုက်ထွေး(၃၂)နှစ်မှာ ၀ဲနံရိုး(၃)ချောင်းကျိုး၊ ၀ဲမျက်ခုံးပွန်းပဲ့ ဒဏ်ရာ၊ ၀ဲနားထင်ပွန်းဒဏ်ရာ၊ ၀ဲလက်ဖျံပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ၄င်းတို့အား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ခင်မောင်ထွန်းအား သာဂရအမြန်လမ်းရဲစခန်း(ပ)၂၀/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...