ဧဒင်အချစ်ပုံပြင်: တရားမဝင်အလုပ်သမားဖမ်းပွဲ မဟာချိုင်မှာ စပြီ

Tuesday 4 December 2012

တရားမဝင်အလုပ်သမားဖမ်းပွဲ မဟာချိုင်မှာ စပြီ

ထိုင်းအစိုးရက ၂၀၁၂ ခု ဒီဇဘာင်္လ ၁၄ ရက် နောက်ဆုံးထားပြီး ရွှေ့ပြောင်းအလုပ်သမားများအားလုံး နိုင်ငံသားစိစစ်မှု
ပတ်စပို့စ်လုပ်ကြရန် ကြေညာထားပြီး မလုပ်ခဲ့ပါက တရားဝင်ဖြစ်သည်ဖြစ်စေ တရားမ၀င်လာသည်ဖြစ်စေ ဖမ်းဆီးပြီး နိုင်ငံပြန်ပို့မည်ဟု ဒီရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း မဟာချိုင်ရှိ စက်ရုံအလုပ်ရုံနေအိမ်များတွင် အာဏာပိုင်များ ၀င်ရောက်စစ်ဆေးခြင်းပြုနေသဖြင့် အလုပ်ရှင်များက တာဝန်မယူသော အလုပ်သမားတချို့ ဓနိတော ဗွက်တောများတွင် နေ့နေ့ညည ပုန်းအောင်း တိမ်း ရှောင်နေကြရပြီး နေစရာထိုင်းစရာနဲ့ စားသောက်စရာ အခက်အခဲတွေ ကြုံတွေ့နေကြပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲမှာ MOU လက်မှတ်ထွက်လာပြီး ဘန်ကောက်မှာ အလုပ်ရှင်နဲ့ အဆင်မပြေလို့ သောင်တင်နေသူတွေ၊
အခြေအနေအကြောင်းကြောင်းကြောင့် မြန်မာပြည် ပြန်လို့မဖြစ်တဲ့သူတွေ ဖြစ်ပြီး လူကြီးတွေ အပြင် ကလေးတွေပါ ပါဝင်နေတယ်လို့ သိရှိရပါတယ်။
တိမ်းရှောင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် စားစရာများ လိုက်လံကူညီပေးနေတဲ့ ရွှေတွံတေးဆရာတော်က တော့ …
“ခေါက်ဆွဲခြေက်နဲ့ ငါးသေတ္တာဘူးတွေ ထောက်ပံ့ပေးနေခဲ့တယ်၊ တွေ့ရတဲ့ အလုပ်သမားတွေကတော့ MOU နဲ့ တက် လာတာတွေ၊ ဘတ်တသောင်းခွဲပေးပြီး ကယ်ရီနဲ့ တက်လာတာတွေ ဖြစ်တယ်။ ထိုင်းကိုရောက်နေတဲ့ မြန်မာပြည်သား တွေရဲ့ ဘဝကို ငဲညှာပြီး ထိုင်းအစိုးရအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်တယ်။” လို့ မိန့် ကြားသွားပါ တယ်။
ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းရှိတဲ့ထဲက ၁.၂ သန်းက တရားဝင်လက်မှတ်အထောက်အ ထား တွေရှိပြီး ၃ သိန်း တရားမဝင်နေထိုင်သူတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံ အလုပ်အလုပ်သမားဝန်းကြီး စာရင်းတွေအရ သိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...