ရဲတပ်ဖွဲ့သည် ခိုးမှုသုံးခုကို ဖော်ထုတ်
ပြီးနောက် Huoluochaideng ရှေးဟောင်းမြို့ရှိ မြေကျင်း များထဲမှ အဆိုပါ
ထောင်စုနှစ် သုံးစု သက်တမ်းရှိသည့် ဒင်္ဂါးပြား များကို တွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်း ဒေသဆိုင်ရာ ယဉ်ကျေးမှု အမွေ အနှစ်နှင့် ရှေးဟောင်း သုတေသန
ဆိုင်ရာ တက္ကသိုလ်မှ သုတေသန ပညာရှင် တစ်ဦးဖြစ်သည့် လျန်ဂျီလင်း၏
ပြောကြားချက် အရ သိရ သည်။
ဒင်္ဂါးပြား အများစုသည် Huoquan ဒင်္ဂါးများ
ဖြစ်ပြီး ဘီစီ- ၂ဝ၂ခုနှစ်မှ အေဒီ ၂၂ဝခုနှစ်ထိ အုပ်ချုပ် ခဲ့သည့် ဟန်မင်းဆက်
ကာလ၌ အများဆုံး အသုံးပြု ခဲ့သည်ဟု Lianက ပြောကြား ခဲ့သည်။
ထို့အပြင် ဒင်္ဂါးစက်ရုံ တစ်ခုမှ ဒင်္ဂါးပြား
ပုံစံခွက် အခု ၁ဝဝကျော်ကိုလည်း ရှေးဟောင်း သုတေသန ပညာရှင် များက
တူးဖော်ရရှိ ခဲ့ပြီး ယင်းပုံစံခွက် များသည် ဘီစီ ၁၅၆ ခုနှစ်မှ ဘီစီ ၈၇ထိ
အုပ်ချုပ်ခဲ့သည့် တရုတ်နိုင်ငံ အနောက်ပိုင်း ဟန်မင်းဆက် ဖြစ်သော ဝူဒီဘုရင်
လက်ထက်က အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားသည်။
အဆိုပါ ယဉ်ကျေးမှု အမွေ အနှစ်များ
တွေ့ရှိချက် အရ Huoluochaideng မြို့သည် ဟန်မင်းဆက် အုပ်ချုပ်စဉ် ကာလ
အတွင်း၌ တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အချက်အချာ ကျသော မြို့ဖြစ်ခဲ့ သည်ဟု
Lianက ပြောကြား ခဲ့သည်။
by-မြဝတီ
No comments:
Post a Comment