ဧဒင်အချစ်ပုံပြင်: ကချင်စစ်ပွဲ ရပ်ဆိုင်းရေး အတွက် မလေးရှားရောက် တိုင်းရင်းသားများ တောင်းဆို

Monday, 7 January 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းရေး အတွက် မလေးရှားရောက် တိုင်းရင်းသားများ တောင်းဆို

mon5ကချင်လွတ်လပ်ရေး တပ်မတော်ဒေသသို့ အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင်နေမှုကို ရပ်ဆိုင်းပေးရန် မလေးရှားနိုင်ငံရောက် မြန်မာ တိုင်းရင်းသားများ ပူးပေါင်းအဖွဲ့ Coalition of Bumar Ethnic Groups in Malaysia (COBEM) အဖွဲ့မှ ဦးဆောင်ပြီး ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြသည်ဟု မွန်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ နိုင်စိုင်းဝဏ္ဏက ပြောပါသည်။
ဆန္ဒပြပွဲက သိပ်တော့မကြာပေမဲ့ ကျနော်တို့သဘောထား တောင်းဆိုချက်တစောင်ကိုတော့ သမ္မတသိန်းစိန်ထံ လိပ် မူထားတယ်။ အဲဒီစာကို မြန်မာသံရုံးမှ တဆင့် ပို့ ပေးဖို့ ပေးအပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲကတော့ မနက် () နာရီခွဲချိန်မှာ လေးရှားနိုင်ငံကို ရောက် နေတဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသား စုစုပေါင်း (၆၀၀) ခန့် ဆန္ဒပြ ကြ ပါတယ်။ဟုဆိုပါသည်။
သမ္မတထံ ပေးပို့သည့် စာထဲ တောင်းဆိုချက် ()ချက် ရှိပါသည်။ တောင်းဆိုချက်များမှာ- ဗမာအစိုးရမှ ကချင်ပြည်နယ် အတွင်း မတရား ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း၊ လူအင်းအား လက်နက်အင်အား
အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း၊ တိုက်လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခြင်း၊ ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခြင်း၊ စစ် ပြေးဒုက္ခ သည် စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အိုး အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တိုင်းရင်းသား အမျိုးသမီးများကို မတရား မဒိန်းကျင့်ခြင်း နှင့်သတ်ဖြတ်ခြင်းများကို ချက် ခြင်းရပ်တန့်ု ပေးရန် တို့ ဖြစ်ကြောင်း ဆိုပါသည်။
http://www.youtube.com/watch?v=Q2YlKhsBuFg&list=UUVlPuApUaCywz57LsYQudSQ
(COBEM) အဖွဲ့သည် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ စာစောင်များ၊ အွန်လိုင်း သတင်း မီဒီယာ များ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များကို စုဆောင်းပြီး တလတကြိမ် အစည်းအဝေး ပြုလုပ်ကာ သုံးသပ် ဆုံးဖြတ်ပါသည်။ ဤနည်းဖြင့် အဝေးရောက်နေသော်လည်း မြန်မာပြည်အရေးကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး လိုအပ်ပါက တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ပေးခဲ့ပါသည်။
(COBEM) အဖွဲ့သည် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ဒုက္ခသည်များဖြင့် ၂၀၀၆/၂၀၀၇ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။ စုပေါင်းလက်တွဲပြီး အတူတကွ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြီး အ လှည့်ကျစနစ်ဖြင့် ဦးဆောင်စေ ပါသည်။ ဤ ၂၀၁၂/ ၂၀၁၃ ခုနှစ်တွင် ကချင်နှင့် ကရင်နီ တိုင်းရင်းသားတို့၏ အလှည့်ကျ ဦးဆောင်မှု တာဝန်ကျခဲ့ပါသည်။

from-ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...