
ရှုပ်ထွေးသောနေရာများတွင် ဆိုင်ကယ်
များကို အလယ်ယာဉ်ကြောမှမမောင်း
နှင်ရန်သတိပေးသည့် အသိပေး
ကြေငြာများကို၂၀၁၃ခုနှစ်မှစတင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေး
မြို့ တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန ဦးစီးမှူး
ဒေါ်ခင်မေဌေးထံမှ သိရသည်။မန္တလေးမြို့အတွင်း သိသိသာသာ ယာဉ်ကြောရှုပ်ထွေးလာသဖြင့် ဆိုက် ကယ်၊ ကားများကို စနစ်တကျသွားလာ နိုင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှိပ်ဖော်ပြထားခြင်းကို မန္တလေးမြို့အတွင်းနှင့် အဓိကကျ သောနေရာများတွင် ယခုနှစ်ဘဏ္ဍရေးနှစ်ကုန် ဖြစ် သည့် မတ်လပိုင်းတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုလို ပြုလုပ်တာက ယာဉ်ကြောတွေ ရှုပ်ထွေးတာ ပျောက်သွားအောင်၊
နောက်ပြီးဆိုင်ကယ်နဲ့စက်ဘီးတွေက ကားတွေသွားလာတဲ့ အလယ်ယာဉ်
ကြောမှာ တက်ရောက်စီးနှင်းတော့ မကြာခဏယာဉ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ၀န်ကြီးဦးကျော်ဆန်းရဲ့ ညွှန်ကြား ချက်အတိုင်း အခုလိုပြုလုပ်တာ ပါ။
နောက်ပိုင်းမှာဆိုရင်တော့ အဲဒီရိုက် နှိပ်ဖော်ပြတဲ့နေရာမှာ တက်ရောက်မောင်းနှင်
တဲ့သူကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီကအရေး
ယူဆောင်ရွက်သွားမှာပါ´ဟုဒေါ်ခင်မေဌေးက ပြောကြားသည်။
မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး
ကော်တီမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ “ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းအရေးယူဆောင်ရွက်သွားမှာပါ၊ဘယ်
လောက်ပေးဆောင်ရမလဲဆိုတာကတော့ မသတ်မှတ်ထား သေးပါဘူး။
ဖမ်းဆီးတာကိုလည်း မတ်လပိုင်းကျော်မှပဲ လုပ်ဆောင်သွားမှာပါ။ အခုက ပညာပေးအနေနဲ့တော့ အသိပေးဖို့ ရှိပါတယ်”ဟု ပြောကြားသည်။
အဆိုပါ သတိပေးကြေငြာများကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ကျုံးပတ် လည်၊ ၃၅လမ်း၊ ၂၆လမ်းနှင့် အဓိက ကျသော နေရာများတွင် အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသန့်
The Myanmar Age
from-shwemyanmarmediagroup
No comments:
Post a Comment