ဧဒင်အချစ်ပုံပြင်: မြန်မာနိုင်ငံမှာ ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ် ဟု နန်းခင်ဇေယျာဆို

Saturday 5 January 2013

မြန်မာနိုင်ငံမှာ ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ် ဟု နန်းခင်ဇေယျာဆို



မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်နေသည့် ဦးကျော်သူ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ အလေးစားဆုံးပုဂ္ဂိုလ်များ ဖြစ်ကြောင်းနန်းခင်ဇေယျာက မြန်မာ့ခေတ်
သို့ ပြောကြားခဲ့သည်။
“ဒီနိုင်ငံမှာညီမအလေးစားဆုံးပုဂ္ဂိုလ်ကလည်း ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ လူတိုင်းကိုလည်း လေးစားပါတယ်’’ ဟု နန်းခင်ဇေယျာက ပြောကြားသည်။ သူမ၏ လက်ရှိလှုပ်ရှားနေသော အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ ‘’ အခု ဘီကိုဇင့်ဆေး ကြော်ငြာရိုက်နေပါတယ်။ နောက်ထပ် ပိးုထည်ကြော်ငြာတွေ ရိုက်ဖို့ရှိ ပါတယ်။ ဗွီယိုကြော်ငြာအတွက်က i-max ကြောငြာရိုက်ထားတာရှိပါတယ်။ နောက်ထပ် ကမ်းလှမ်း ထားတာတွေ ရှိပါတယ်၊ မရိုက်သေးဘူး။ ဇာတ်ကားတွေကတော့ မရိုက်သေးပါဘူး။ ရိုက်တော့ရိုက်မှာပါ။ ညီမလည်းလေ့လာစရာရှိတာ အရင်လေ့လာအုန်းမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ
သေးတာလည်း ပါပါတယ်’’ ဟု ပြောကြားသည်။
၎င်းအနေဖြင့် Miss International မှရရှိခဲ့သောဆုများသည် ပအို့တိုင်းရင်းသားများအတွက် အထောက်အကူ ပြုနိုင်ကြောင်းနှင့် “ညီမ အရင်လုပ်နေတဲ့ ဂိုက်လည်းဆက်လုပ်သွားမယ်။ ဇန်နဝါရီလ(၁၅)၊ ကနေ (၂၅)ရက်နေ့ထိ ညီမခရီးသွားပါမယ်။ ပြီးရင်ပရဟိတကို အလုပ်လုပ်မယ်၊ အားနေတဲ့အချိန်ကိုအနုပညာအလုပ်ကို ဆက်လုပ်သွားမှာပါ။ ဒီပရဟိတလုပ်ငန်း လုပ်တယ်ဆိုတာ Internationatian ဝင်ပြိုင်တဲ့ အချိန်မှာ မြန်မာပရဟိတ လုပ်ငန်းကိုလည်း သင်ယူခဲ့ရတဲ့ အတွက်ကြောင့်လည်း ဒါကိုလုပ်ဖြစ်သွားတာပါ။’’ ဟု ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း ရည်ရွယ်ချက်အား ရှင်းပြသည်။

ဇန်နဝါရီ(၁)ရက်နေ့တွင်နာရေးကူညီမှု(၁၂)ကြိမ်မြောက်ပွဲ၌၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှမင်းကိုနိုင် နှင့် တွေ့ဆုံခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ‘’ နိုင်ငံရေးသမားတွေတောင် ညီမကို အားပေးကြတယ်၊အသိမှတ်ပြုတယ်။ အဲနေ့ကဆို ညီမကို လက်ဆွဲ နှုတ်ဆက်တယ်။ ညီမလုပ်နေတဲ့ အလုပ်ကို အားပေးအတွက်ကြောင့် ညီမကို နေရာတစ်နေရာပေးတဲ့ အတွက် ကြောင့်မို့ အရမ်းလည်း ဝမ်းသာပါတယ်’’ ဟု သူမက ပြောကြားသည်။

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...