ဆယ့်ခြောက်နှစ်ကြာပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ
ပြန်လည်ဖွင့်လှစ်ပါက တက္ကသိုလ်သို့ ပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း
နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အသက် ၅၃ နှစ်အ ရွယ် ရှိ ဦးကျော်သူကပြောကြားသည်။
အနုပညာလုပ်ငန်းများကြောင့် ၁၉၈၂ခုနှစ်တွင် ကျောင်းထွက်ခဲ့သော ရှုပဗေဒ
နောက်ဆုံးနှစ်ကျောင်းသား ဦးကျော် သူသည် တက္ကသိုလ်တွင် နောက်ဆုံးနှစ် ရှုပဗေဒ
နောက်ဆုံးနှစ်ကို ဆက်လက် သင်ယူသွား မည်ြ ဖစ်ေ ကြာင်း ၄င်းကပြောကြားသည်။
" ပညာလိုချင်လို့ ကျောင်းပြန်တက်တာပါ " ဟု ၄င်းကပြောပြသည်။
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ယခုနှစ်အတွင်း
အမေရိ ကန်ပြည်ထောင်စုရှိ National Endowment For Democracy (NED) အဖွဲ့က
ချီးမြင့်သော ဆုကိုရရှိ ထားသူ တစ်ဦးလည်းဖြစ်သည်။
ဦးကျော်သူသည် နာရေးကူညီမှုအသင်းသာမက သုက္ခကုသိုလ်ဖြစ်ဆေးခန်းကို
ဖွင့်လှစ်ပြီး ငွေကြေးချို့တဲ့ သူများ ကို အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိသည်။
ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင်
ပိတ်ခဲ့ခြင်းဖြစ်သည်။ လွတ် လပ်ရေး ရပြီးခါစအချိန်တွင် ရန်ကုန်တက္ကသိုလ်သည်
အရှေ့တောင်အာရှ၌ ကျော်ကြားသော တက္က သိုလ်ြ ဖစ်သဖြင့်
နိုင်ငံခြားသားကျောင်းသားများပင် လာရောက်ပညာသင်ယူခဲ့ရသည်။
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်အဖြစ်
ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမအကြိမ် ပြည် သူ့
လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်သူ
လွှတ်တော် ၏ အတည်ပြု ချက်ရရှိခဲ့သည်။
The Voice
No comments:
Post a Comment