ဧဒင်အချစ်ပုံပြင်: ဗဟန်းမြို့နယ် မြလမ်းမှတ်တိုင်အနီးတွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ် လမ်းလယ်မှ ဓာတ်တိုင်အား တိုက်မိရာ နှစ်ဦးဒဏ်ရာရ

Saturday 5 January 2013

ဗဟန်းမြို့နယ် မြလမ်းမှတ်တိုင်အနီးတွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ် လမ်းလယ်မှ ဓာတ်တိုင်အား တိုက်မိရာ နှစ်ဦးဒဏ်ရာရ

thn-1-5-5
ဗဟန်း မြို့နယ်၊မြလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းမပေါ်တွင် ဇန်န၀ါရီလ ၆ရက်နေ့ နံနက် ၁နာရီ ၁၀မိ နစ်အချိန် ၀န်းကျင်ခန့်က ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိရာ နှစ် ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာမွေအ၀ိုင်းဘက်မှ ရန်ကင်းစင်တာဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့်  ၁၀၇ ယာဉ်လိုင်းမှ ဟိုင်းလတ်ခရီးသည်တင်ယာဉ် ယာဉ်အမှတ် ဓ/၃၄၃၈ မော်တော်ယာဉ်သည် မြလမ်းမှတ်တိုင်အနီး ဦးချစ်မောင်အိမ်ယာရှေ့ အရောက်တွင် လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

''အကိုက ညဘက်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ ထမင်းကြော်စားနေတာ ''၀ုန်း''ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ ဓါတ်တိုင်ကို ကားတစ်စီး ၀င်တိုက်တာကို တွေ့ရတာပါ။အဲဒီကားက စောစောက အကိုတို့ ရှေ့က အရှိန်နဲ့ မောင်းသွားတဲ့ကားပဲ။ယာဉ်မောင်းနဲ့ ယာဉ်အကူရော နှစ်ယောက်လုံး ကားထဲမှာ ညှပ်နေတော့ ဒီနားမှာရှိတဲ့သူတွေ ၀ိုင်းပြီး ဆွဲထုတ်ကြတာ။ခရီးသည်မပါလို့ တော်သေးတယ်။ ယာဉ်မောင်းသူကတော့ကား အပြင်ရောက်တော့ ဘယ်ကိုထွက်သွားတယ်ဆိုတာ မသိလိုက် ဘူး။စပယ်ယာကတော့ ဒဏ်ရာပြင်းတဲ့ အတွက် တက္ကစီငှားပြီး ဆေးရုံကိုပို့တာ တွေ့လိုက်ရတယ်'' ဟု ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်ရှိသူ ကိုဇော်ဇော်က ပြောပြပါသည်။
အဆိုပါ ယာဉ်ဝင်တိုက်ခဲ့သော လမ်းမီးတိုင်ရှိ မီးသီးကြွေကျ ပေါက်ကွဲပြီး ဓါတ်ကြိုးအချို့ ပြတ်ကျခဲ့ကြောင်း သိရှိရပါသည်။
by- news-eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...