ဧဒင်အချစ်ပုံပြင်: အရက်သေစာ သောက်စား အိပ်ပျော်စဉ် အအေးပတ် သေဆုံး

Friday 4 January 2013

အရက်သေစာ သောက်စား အိပ်ပျော်စဉ် အအေးပတ် သေဆုံး

ကသာမြို့ ပြည်သာယာ ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းရှိ ခုံတန်းလျားပေါ်၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက် နံနက် ၅ နာရီ မိနစ် ၅ဝ က အမျိုးသား တစ်ဦး သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကသာမြို့ ပြည်သာယာ ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းရှိ ခုံတန်းလျား ပေါ်၌ အဆိုပါ ရပ်ကွက်နေ ဆန်းဝင်း ၄၁ နှစ် (ဘ) ဦးချစ်မောင် သည် အရက် အလွန်အကျွံ သောက်စား မူးယစ်ပြီး အိပ်ပျော်စဉ် ပြင်ပ ဒဏ်ရာ တွေ့ရှိခြင်း မရှိဘဲ အအေးပတ် သေဆုံးနေ သည်ကို သက်ဆိုင်ရာမှ တွေ့ရှိ၍ ကသာ မြို့ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂ဝ၁၂ ဖြင့် ရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...